>Refugees on the run

>

ကရင်ဒေသ တိုက်ပွဲကြောင့် လယ်ပေါ်ဟဲမှ ဒုက္ခသည်များ ထွက်ပြေး
ဓာတ်ပုံသတင်း
ဇွန် ၅၊ ၂၀၀၉

လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းကို မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟူသော သတင်းကြောင့် စခန်းအတွင်း နေထိုင်သူများ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင် ကြသည်။ ကရင်ပြည်နယ် အမြို့မြို့ အနယ်နယ်မှ ကျေးလက်ဒေသခံများ အဆိုပါ စခန်းတွင် စုဝေး ခိုလှုံနေရာမှ ပိုမိုလုံခြုံသည့် ထိုင်းဘက်သို့ ရောက်သွားခြင်း ဖြစ်သည်။ (ဓာတ်ပုံများ-KIC သတင်းဌာန)

တောထဲမှာ ပြေးလွှား၊ တောထဲမှာပဲ ထမင်းစား

လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အကြောင်းအရာများအစား တိုက်ပွဲ၊ လုပ်အားပေး၊ ပေါ်တာဆွဲခံရမှုတို့မှ လွတ်မြောက်ရေးတို့ကိုသာ တွေးတောနေရသည့် ကျေးလက်ဒေသမှ အမျိုးသားတဦးနှင့် သူ၏ ကလေး

ဇွန်လဆန်း ကျောင်းဖွင့်ရာသီတွင် စာသင်ခန်းထဲ မရောက်ဘဲ ကျည်ဆံ၊ ဗုံး၊ မြေမြှုပ်မိုင်းတို့ အကြား ပြေးလွှားခဲ့ရသူ ကျောင်းသားငယ်။

ထိုင်းသို့ ရောက်လာသူများကို ထိုင်းနိုင်ငံ အာဏာပိုင်တို့က ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်နေပုံ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts