>Burmese & Community

>em*pfrdbrJh uav;i,frsm;twGuf Child Aid Foundation &efykHaiG aps;a&mif;yGJawmf

ဒေါ်အောင်ဆန်းစုကြည်အတွက် Iowa ပြည်နယ် Des Moines မြို့က ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်

ဇော်ထွဋ်

မေ ၂၇၊ ၂၀၀၉

အမေရိကန် အနောက်အလယ်ပိုင်း Iowa ပြည်နယ် Des Moines မြို့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကို မေလ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ဤနေ့သည် အမေရိကန်နိုင်ငံ၏ “စစ်သည်တော်များ အထိမ်းအမှတ်နေ့” (Memorial Day) လည်း ဖြစ်ပါသည်။

Des Moines မြို့၏ အစိုးရရုံးများ တည်ရှိရာ Locust နှင့် 3rd St. လမ်းထောင့်ရှိ ပြည်သူ့ရင်ပြင်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိခြင်း၊ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာဝင်တို့က မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အမည်ပါ မိုးပျံပူပေါင်းများ လွှတ်တင်ခြင်း စသဖြင့် နွေဦးကာလ ကွက်ကြားမိုးများကြားထဲ မြန်မာတိုင်းရင်းသား အယောက် ၁၂၀ ခန့်က တက်ညီလက်ညီ ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။ ဤပွဲကို Des Moines မြို့ရောက် “မြန်မာတိုင်းရင်းသားများ Community” မှ ကြီးမှူး ကျင်းပခဲ့ပါသည်။

Des Moines မြို့ရောက် မြန်မာတိုင်းရင်းသားများသည် ယခင်နှစ်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ ကျင်းပခြင်း၊ ၂၀၀၇-ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကာလအတွင်း ထောက်ခံ ဆန္ဒပြပွဲများ၊ Campaign များကို Iowa ရှိ တက္ကသိုလ်တချို့တွင် ကျောင်းသားများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း၊ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံ ပေးပို့ပေးခြင်း၊ အမေရိကန် သမတ ရွေးကောက်ပွဲ မဲဆွယ်ပွဲများ တက်ရောက်၍ မြန်မာ့အရေး တင်ပြခြင်း၊ Des Moines မြို့တွင် နှစ်စဉ် ကျင်းပသည့် အာရှအမွေအနှစ် ပွဲတော် (Asian Heritage Festival) တွင် ပူပေါင်း ပါဝင်ခြင်း၊ Oregon ပြည်နယ်မှ New York အထိ မိုင်(၃၀၀၀) ကျော် လမ်းလျှောက်ချီတက်လာကြသည့် ကိုအေသင်နှင့် ကိုဇော်မင်းထွေးတို့ နှစ်ဦး Iowa ပြည်နယ်ကို ဖြတ်သန်းစဉ် လမ်းခရီးတလျှောက် အကူအညီများပေးခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts