>Burmese Regime rerect national reconcilation of the opposition, NLD statement claim

>

ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်သင့်မြတ်ရေးမူကို စစ်အုပ်စုက လက်မခံကြောင်း – အင်န်အယ်ဒီ ကြေငြာချက် – ၁၁၊ ၀၅၊ ၀၉ က ဆို

မိုးမခ (ဓာတ်ပုံကိုးကား – အင်န်အယ်ဒီ အယ်အေ၊ ကိုရီးယား)

မေ ၂၅၊ ၂၀၀၉

ယနေ့ ဆဋ္ဌမမြောက်နေ့ ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်းအပြီး အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး၊ ပါတီ၏ ကြေငြာချက် ၁၁။ ၀၅။ ၀၉ ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်စုက ယခုကဲ့သို့ စွပ်စွဲခံရပြီး အစိုးရ၏ အရေးယူရန် ဆောင်ရွက်မှု ရင်ဆိုင်နေရချိန်အထိ အကောင်းမြင်သေးကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချိန်မနှောင်းသေးဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ သို့သော်ငြားလည်း စစ်အုပ်စုသည် ဒေါ်စုကို တရားစွဲဆိုခြင်းကို ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ထုတ်ဖော်တင်ပြထားသည်။

ပြည်တွင်းက သတင်းစာဆရာတဦးက ပြောကြားရာတွင် –

“စစ်အစိုးရဟာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မရွေးချယ်တော့ဘူး။ တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးကို သွေဖီပြီး အလုံးစုံ ပျက်သုဉ်းရေးကို ရွေးချယ်လိုက်တာ ပိုထင်ရှားလာပါတယ်။ ဒီမေလအတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေး၊ လုံခြုံရေး တည်ငြိမ်မှုတွေ ကမောက်ကမဖြစ်သွားခဲ့တယ်။ ကုန်ဈေးနှုန်းနဲ့ ကုန်စည်လည်ပတ်မှုတွေ မတည်ငြိမ်တော့ဘူး။ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ပြည်သူတွေအားလုံးဟာ ဒီမတရားမှုအတွက် စိတ်သောကများနေကြရတယ်။ နိုင်ငံတကာအတွက်လည်း မြောက်ကိုရီးယား၊ အယ်လ်ကိုင်ဒါနဲ့ တာလီဘန်တွေလိုမျိုး နောက်ထပ် အကြမ်းဖက်စစ်အုပ်စုတခု အာရှမှာ အားကောင်း သောင်းကျန်းလာတာကို စောင့်ကြည့်နေကြဦးမယ်ဆိုရင် ကမ္ဘာငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံတို့ ညီညွတ်ရေးတို့ကို ထိခိုက်လာဦးမှာပဲ”

ဟု သုံးသပ်သွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts