>SPDC opens trail again

>

သံတမန် နှင့် သတင်းသမားများ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ ဒုအကြိမ် သွားခွင့်ရမည်
Reuters သတင်းဌာန
မေ ၂၅၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲတခုကို ယမန်နေ့က မဲဆောက်မြို့ ထိုင်း မြန်မာ ချစ်ကြည်ရေး တံတားအောက်တွင် ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ-မိုးမခ)

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေခြင်းကို မနက်ဖန် အင်္ဂါနေ့တွင် ထပ်မံ လေ့လာခွင့် ရမည်ဟု သံတမန်များက ပြောသည်။

မစစ်ဆေးရသေးသည့် တရားလိုပြသက်သေ ၉ ဦးကို ပယ်ဖျက်လိုက်သဖြင့် အမှုမှာ အလျင်အမြန် အဆုံးသတ်ဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ပေါ်ထွက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ် ချထားခြင်းသည် လာမည့် ၂ရက်အတွင်း ပြီးဆုံးမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော အိမ်သို့ ရောက်ရှိလာမှုဖြင့် ထောင် ၅ နှစ် ချခံရဖွယ်ရှိကြောင်း အများက သုံးသပ်နေကြသည်။

သံတမန်များ နှင့် သတင်းစာဆရာများသည် မနက်ဖန်တွင် တရားခွင်သို့ ဒုတိယအကြိမ် သွားရောက် လေ့လာခွင့် ရမည် ဖြစ်သည်။

“ကျုပ်တို့ကို မနက် ၇ နာရီခွဲ ထောင်အရောက် လာကြဖို့ ပြောထားတယ်” ဟု အာရှသံတမန်တဦးက ပြောသည်။

စစ်အုပ်စုက ဒေါ်စု၏ အမှုကို ဥပဒေအတိုင်း မျှမျှတတ စီရင်မည်ဟု ဆိုသည်။ သို့သော်လည်း တရားခွင်သို့ ပထမအကြိမ် ရောက်ခဲ့ဖူးသူ သံတမန်များကမူ စီရင်ချက်မှာ ရေးထားပြီး ဖြစ်ဖွယ်ရှိသည်ဟု ဆိုကြသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts