>Fifth Day of Trial on DASSK – Rangoon – Photos & News

>

ဒေါ်အောင်ဆန်းစုကြည် တရားရုံးထုတ်သည့် – ပဉ္စမနေ့ မြင်ကွင်း

မိုးမခ

မေ ၂၂၊ ၂၀၀၉


ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီက အတွင်းရေးမှူး ဦးအေးသာအောင် အင်းစိန်ထောင်အနီးသို့ လာရောက်သည်။ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ဦးဝင်းတင်က နေ့မွန်းမတည့်မီ အဖွဲ့ချုပ်ရုံးသို့ အစည်းအဝေးတက်ရန် ပြန်သွားခဲ့သည် ဟုဆိုသည်။


အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာများကို ထောင်နောက်ဖက် ဂိတ်များကတဆင့် ပေးပို့ခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုအချို့က ပြောပြခဲ့သည်။ ထောင်ဝင်စာအဖြစ် “ပါဆယ်” ( ဆေးဝါး၊ စားစရာ၊ အထုပ်အပိုးများ) သာ လက်ခံသည်ဟု ထောင်ဝန်ထမ်းတို့က ပြောသည်ဟု ဆိုသည်။ ထောင်ဝင်စာမတွေ့ရသဖြင့် နိုင်ငံရေးအကျဉ်းသားတို့ စိတ်ဝင်စားနေသည့် ဒေါ်စုတရားရုံးသတင်းကို ပြောမပြခဲ့ရကြောင်း မိသားစုဝင်တဦးက ပြောကြားသည်။

အဖွဲ့ချုပ်ရှေ့နေအဖွဲ့က ဦးဉာဏ်ဝင်း ညနေ ၆ နာရီမှ ရုံးသို့ ပြန်ရောက်ပြီး ရှင်းလင်းပွဲကို ပြုလုပ်နိုင်သည်။

အမှုကို ကြားနာရာတွင် – အထူးရဲတပ်ဖွဲ့က ၀င်းနိုင်ထွန်း၊ လူဝင်မှု ဦးစီးမှူး နှင့် မစ္စတာ ယက်တော (မြန်မာများအခေါ် ကြက်တော) ကို စစ်ခဲ့ကြောင်း၊ ညနေ ၅း၃၀ မှ ပြီးစီးကြောင်း၊ ကြက်တောက ရေပေါ်က လမ်းမလျှောက်တတ်လို့ ရေကူးပြီး လာရတယ် ဟု ဖြေဆိုကြောင်း ဦးဉာဏ်ဝင်း ရှင်းလင်းချက်ထဲတွင် ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်က မရမ်းစေ့ရောင် အင်္ကျီဝတ်ဆင်ထားသည်ဟု သိရသည်။

တရားလို အဖြစ် စစ်အစိုးရ၏ တရားစွဲဆိုချက်ကို တရားရုံးက လက်ခံပြီး ဆက်လက်စစ်ဆေးမည်ဟု တရားသူကြီးများက ဆုံးဖြတ်ချက် ချခဲ့သည်ဟု ဆိုသည်။ တရားလို ဥပဒေအရာရှိများ၏ တင်ပြချက်များအပြီးတွင် တရားစွဲခံရသူတို့ဖက်က ကာကွယ်မည့် ရှေ့နေတို့၏ ပြန်လည်လျောက်လဲ စစ်မေးမှုများကို ရှေ့တပတ်တွင် တရားရုံးတွင် ကြားနာကြရတော့မည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts