>Mar Mar Aye – The Sword of Our Father

>

အဖေ့ဓါး

မာမာအေး

မေ ၂၂၊ ၂၀၀၉

အဖေ့ဓါး

ဘာကိုများ ခုတ်

နယ်ချဲ့ကို ခုတ်

ဖက်ဆစ်ခုတ် တော်လှန်ရေးသရုပ်။

ကျွန်ယုတ် စားဖား

သာကူး နွားတွေ

ပျက်ပြား ကိုယ်ကျင့်

လူဖြင့် မဆန်

နိဗ္ဗာန် လမ်းဖြတ်

ရှင်သတ် လူသတ်

ဖက်ရွက် မှတ်နေ

“နရက်” တပ်စိုး

ဘီလူးမျိုး က

ရှိခိုး ခံချင်

လွန်လွန်း ထင်သား

ရင်၌ ခါးသည်

အဖေ့ဓါးကို ငှားစမ်းပါ။

၂ဝဝ၉၊ မေလ ၂၁-ရက်

ကြာသာပတေးနေ့ မွန်းလွဲပိုင်း၊ အင်ဒီယာနာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts