ပြင်သစ် ဘာသာ လေ့လာစရာ (အပိုင်း ၁၃)
ပါရီမောင်၊ ဇူလိုင် ၀၈ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)
(မိုးမခ၏ ချို့ယွင်းမှုကြောင့် အပတ်စဉ်ပြတ်တောက်ခြင်းကို ခွင့်လွှတ်ပါ)
Leçon 13 (Lesson 13 )
Verbe Conjugaison (Groupe 2 Verbe ) အုပ်စု ( ၂ ) ကြိယာများ
Adjectif မှ Adverbe နှင့် Nom သို့ ပြောင်းခြင်း၊
ပြီးခဲ့တဲ့ သင်ခန်းစာ ( ၈ )မှာ Adjectifs နာမဝိသေသန တချို့ကို ပေးခဲ့ပါတယ်။ ယခုအချိန်ထိ သိပြီး သမျှတွေထဲက စာကြောင်းတခု တည်ဆောက်ဖို့လိုအပ်တဲ့ Pronom Personnel , Verbe , Noun , Adjectif , Préposition တွေအပြင် ဂဏန်းရေတွက်ပုံ ၊အသီးအနှံ နှင့် ပစ္စည်းအခေါ်အဝေါ်များ၊ အရောင်များ၊ နေ့ရက်အခေါ်အဝေါ်များ စသဖြင့် အတော် အသင့် ဖေါ်ပြပြီး ဖြစ်လို့ အခြေခံ အားဖြင့် စာကြောင်း အလွယ်လေးတွေကို တည်ဆောက်နိုင်ပါပြီ။ ဒီအပေါ်မှာအခြေခံပြီး ချဲ့ထွင် ပြောဆိုနိုင်ခြင်း သည်လည်း ကိုယ့်အပေါ်မှာပဲ တည်နေတယ် လို့ဆိုချင်ပါတယ်။
ဒီတပါတ်မှာ ဆက်ပေးချင်တာကတော့ ပုံမှန် စကားပြော သင်ခန်းစာ အပြင် Adverbe (ကြိယာဝိသေသနများ) ကိုထပ်ပေးချင်ပါတယ်။
အသစ်တွေမစခင်မှာ verbe conjugaison ကိုဆက်ပြီး သွားကြရအောင်။ ကြိယာအုပ်စု ၁ ကိုကြေညက်ပြီး ကျန်နေသေးတဲ့ အုပ်စု ၂ နဲ့ ၃ ကို သိထားရပါမယ်။
Groupe 2 Verbe အုပ်စု ( ၂ ) ကြိယာများ ၏ ကြိယာပုံစံပြောင်းခြင်း Verbe Conjugaison
ကြိယာတခု ရဲ့ အဆုံးသတ်စာလုံးကိုလိုက်ပြီး အုပ်စုခွဲထားတယ်ဆိုတာကို ထပ်ပြောပါရစေ။
Verbe တခုရဲ့အဆုံးသတ်က … ir ဖြစ်နေခဲ့ရင် အဲဒီ Verbe ဟာ အုပ်စု ၂ လဲဖြစ်နိုင်သလို အုပ်စု ၃ လဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ အကြမ်းအားဖြင့်ကြည့်လိုက်ရင် ခွဲလို့မရပါဘူး။ ဘာကိုကြည့်ပြီးခွဲသလဲ ဆိုရင် အဲဒီကြိယာကို verbe conjugaison လုပ်လိုက်တဲ့အခါမှသာ ခွဲနိုင်တဲ့ ဥပဒေသတွေ ရှိပါတယ်။ ဒါပေမဲ့ အကြမ်းအားဖြင့်ပြောရရင် အုပ်စု ၃ ကြိယာ တွေက ပိုများပါတယ်။
ခွဲခြားနည်း
ကြိယာတခုကို verbe conjugaison လုပ်လိုက်တဲ့အခါမှာ တတိယပုဂ္ဂိုလ်၊ အများကိန်းဖြစ်တဲ့ Nous အတွက် လုပ်ပြီးရလာတဲ့ အဆုံးသတ် စာလုံးနဲ့သာခွဲခြားရပါတယ်။ အောက်က နမူနာကိုကြည့်ပါ။
ဥပမာအနေနဲ့ finir ဖီးနီး၊ ပြီးသည် နဲ့ partir ပါ့ခ်တီး၊ ထွက်ခွါသည် ဆိုတဲ့ ကြိယာ၂ခုကို ဖေါ်ပြပါမယ်။
finir ( verbe conjugaison) ဖီးနီး၊ ပြီးသည် ။ ( အုပ်စု ၂ ကြိယာ )
Je finis ရ ဖီးနီး ။ ကျနော် ပြီးသည်။
Tu finis ကျူ ဖီးနီး ။ မင်း၊ ခင်ဗျား၊ ရှင် ပြီးသည်။
Il/ Elle finit အီလ်၊ အယ်လ် ဖီးနီး ။ သူ၊သူမ ပြီးသည်။ (on finit)
Nous finissons နူ ဖီးနီးစွန် ။ ကျနော်တို့ ပြီးကြသည်။
Vous finissez ဗူ ဖီးနီးစေ ။ မင်း၊ခင်ဗျား၊ မင်းတို့၊ခင်ဗျားတို့၊ ပြီးကြသည်။( တယောက်၊ အများ ကိန်း)
Ils/ Elles finissent အီလ်၊ အယ်လ် ဖီးနီးစ် ။ သူတို့ ၊သူမတို့ ပြီးကြသည်။
partir ( verbe conjugaison) ပါ့ခ်တီ ။ ထွက်ခွါသည်။ ( အုပ်စု ၃ ကြိယာ )
Je pars ရ ပါးခ် ။ ကျနော်ထွက်ခွါသည်။
Tu pars ကျူ ပါးခ် ။ မင်း၊ ခင်ဗျား၊ ရှင် ထွက်ခွါသည်။
Il/ Elle part အီလ်၊ အယ်လ် ပါးခ် ။ သူ၊သူမ ထွက်ခွါသည်။
Nous partons နူ ပါ့ခ်တွန် ။ ကျနော်တို့ ထွက်ခွါကြသည်။
Vous partez ဗူ ပါ့ခ်တေ ။ မင်း၊ခင်ဗျား၊ မင်းတို့၊ခင်ဗျားတို့၊ ထွက်ခွါကြသည်။( တယောက်၊ အများ ကိန်း)
Ils/ Elles partent အီလ်၊ အယ်လ် ပါ့တ် ထ် ။ သူတို့ ၊သူမတို့ ထွက်ခွါကြသည်။
အထက်ပါ ကြိယာ၂ခုရဲ့ verbe conjugaison ပုံစံကိုကြည့်ပါ။ Nous အတွက် လုပ်ရတဲ့ verbe conjugaison ( ဗက် ကွန်ဂျူဂေးဇွန်း ) ကိုကြည့်ရင် …. ssons နဲ့အဆုံးသတ်ထားတဲ့ အတွက် finir သည် ( အုပ်စု ၂ ကြိယာ )ဖြစ်ပြီး ၊ ပုံမှန်အတိုင်း ….. ons နဲ့ အဆုံးသတ်ထားတဲ့ partir ကတော့ ( အုပ်စု ၃ ကြိယာ ) ဖြစ်ပါတယ်။ ဒီတော့ ကြိယာတခုသည် ( အုပ်စု ၂ ကြိယာ ) ( အုပ်စု ၃ ကြိယာ ) ဖြစ်ခြင်းများကို ကျနော်တို့ ဖန်တီး၍ မရပါ။ နဂိုကတည်းက ပုံသေသတ်မှတ်ပြီးသား ဥပဒေသများဖြစ်ကြပါတယ်။ ဘယ်အချိန်ကစခဲ့သလဲဆိုတာကို ပါရီမောင်မပြောတတ်ပါ။ (ဘယ်သူကများ ဒီလောက် ရှုပ်ထွေးလှတဲ့ ဥပဒေတွေကို ဘယ်တုန်းကတည်းက စတင်ခဲ့သလဲဆိုတာကို ပြင်သစ်ရဲ့ သမိုင်းကြောင်းတွေ ဖေါ်ထုတ်ရေးသားနေတဲ့ ဆရာမောင်ရင်ငတေကို မေးကြည့် ရမှာပဲထင်တယ်)
ပိုပြီးရှင်းသွားအောင် အောက်မှာ နောက်ထပ်နမူနာ ကြိယာ ၂ ခုထပ်ပြီးပေးလိုက်ပါတယ်။
choisir ( verbe conjugaison) ရွှာ ဇီးခ် ။ ရွေးချယ်သည် ( အုပ်စု ၂ ကြိယာ )
Je choisis ရ ရွှာ ဇီး ။ ကျနော် ရွေးချယ်သည်
Tu choisis ကျူ ရွှာ ဇီး ။ မင်း၊ ခင်ဗျား၊ ရှင် ရွေးချယ်သည်
Il/ Elle choisit အီလ်၊ အယ်လ် ရွှာ ဇီး ။ သူ၊သူမ ရွေးချယ်သည်
Nous choisissons နူ ရွှာ ဇီးစွန် ။ ကျနော်တို့ ရွေးချယ်သည်
Vous choisissez ဗူ ရွှာ ဇီ စေ ။ မင်း၊ခင်ဗျား၊ မင်းတို့၊ခင်ဗျားတို့၊ ရွေးချယ် ကြသည်။( တယောက်၊ အများ ကိန်း)
Ils/ Elles choisissent အီလ်၊ အယ်လ် ရွှာ ဇီးစ် ။ သူတို့ ၊သူမတို့ ရွေးချယ် ကြသည်။
venir ( verbe conjugaison) ဗနီးခ် ။ လာသည်။ ( အုပ်စု ၃ ကြိယာ )
Je viens ရ ဗျန်း ။ ကျနော်လာသည်။
Tu viens ကျူ ဗျန်း ။ မင်း၊ ခင်ဗျား၊ ရှင် လာသည်။
Il/ Elle vient အီလ်၊ အယ်လ် ဗျန်း ။ သူ၊သူမ လာသည်။
Nous venons နူ ဗနွန် ။ ကျနော်တို့ လာကြသည်။
Vous venez ဗူ ဗနေ ။ မင်း၊ခင်ဗျား၊ မင်းတို့၊ခင်ဗျားတို့၊ လာကြသည်။( တယောက်၊ အများ ကိန်း)
Ils/ Elles viennent အီလ်၊ အယ်လ် ဗျန့်န် ။ သူတို့ ၊သူမတို့ လာကြသည်။
အောက်မှာ ကြိယာတွေအနေနဲ့ ဗဟုသုတတိုးပွါးဖို့ ( အုပ်စု ၃ ကြိယာ ) တချို့ထပ်ပေးလိုက်ပါတယ်။
verbe conjugaison ကိုတော့ အရင်က အကြံပေးခဲ့ဘူးသလိုသီးသန့် စာအုပ်တအုပ်မှာ ချရေးပြီးလေ့ကျင့်စေလိုပါတယ်။ တချို့ကတော့ပေးပြီးသားစာလုံးတွေဖြစ်ပါတယ်။ မသေချာလို့ ဒါမှမဟုတ် အသေးစိတ်သိလိုရင်တော့ Google မှာဖြစ်ဖြစ် Youtube မှာဖြစ်ဖြစ် ” venir verbe conjugaison ” ဆိုပြီးရိုက်ထည့်လိုက်ပါ။
အုပ်စု ၃ ကြိယာ အချို့
sentir စောန့်တီးခ် ။ ခံစားသည်၊ ထိတွေ့ခံစားရသည်။
sortir ဆော့ခ်တီးခ် ။ ထွက်ခွါသည်။
vouloir ဗူးလွားခ် ။ လိုချင်သည်။
voir ဗွားခ် ။ မြင်သည်။
savoir စဗွားခ် ။ သိသည်
tenir တနီးခ် ။ ကိုင်တွယ်သည်။
couvrir ကူးဗရီးခ် ။ ကာကွယ်သည်။ဖုံးအုပ်သည်။
courir ကူးရီးခ် ။ ပြေးသည်။
dormir ဒေါ့ခ်မီးခ် ။ အိပ်သည်။
prévenir ပရေဗနီးခ် ။ အသိပေးသည်။ ကြိုတင် အကြောင်းကြားသည်။
Adverbe ကြိယာဝိသေသနများ
ပုံမှန်အားဖြင့် Adjectif ( နာမဝိသေသန) တခုကို အခြေခံပြီး Adverbe ( ကြိယာဝိသေသန)
အဖြစ် သို့ပြောင်းတဲ့ ဥပဒေသ ရှိပါတယ်။ ( ပုံသေ ပြောင်းမရပဲ ထူးခြားတဲ့ ပြောင်းခြင်းများကိုတော့ သီးသန့် အသေမှတ်ရပါမယ်)
Adjectif တခုကို Adverbe ပြောင်းဖို့အတွက် အရင်ဆုံး အဲဒီ Adjectif ကို အမကိန်းဖြစ်အောင် ပြောင်းပါ။
ပြီးရင် အနောက်က …ment ကို ပေါင်းထည့်ပေးလိုက်ရင် Adverbe ဖြစ်သွားပါတယ်။ ဒါတွေကတော့ Adjectif ကို အခြေခံတဲ့ Adverbe ဖြစ်ပါတယ်။
ဥပမာ …
lent ဆိုတဲ့ Adjectif ကို Adverbe အဖြစ်သို့ ပြောင်းမယ်ဆိုပါတော့။ ( lent: adj – နှေးသော၊ ဖြေးညှင်းသော)
အရင်ဆုံး အမကိန်းဖြစ်ဖို့ကတော့ ” e “ ပေါင်းထည့်လိုက်ပါတယ်။ ပြီးမှ ” … ment “ ထပ်ပေါင်းပေးခြင်းဖြင့် lentement – adv: နှေးစွာ၊ ဖြေးညှင်းစွာ လို့ ဖြစ်လာပါတယ်။
gentil ဆိုတဲ့ Adjectif ကို Adverbe အဖြစ်သို့ ပြောင်းဖို့ကတော့သီးသန့်ဖြစ်ပါတယ်။
gentiment : adv ကြင်နာစွာ၊သဘောကောင်းစွာ ( nicely , kindly , calmly , quietly ) ဆိုပြီး အဘိဓ္ဓါန်မှာ တွေ့ပါလိမ့်မယ်။
English လိုနှိုင်းယှဉ်ပြောရရင် ” … ly ” ထပ်ပေါင်းပေးခြင်းနဲ့ ညီတယ်လို့ ဆိုရပါမယ်။
အောက်ပါစာလုံးအချို့ကို ကြည့်ခြင်းအားဖြင့် Adjectif တွေရဲ့ အမကိန်းကိုပြောင်းသွားပုံနဲ့ Adverbe အဖြစ်ပြောင်းလဲပုံတွေကိုလေ့လာနိုင်ပါတယ်။
Adjectif (masculin) Adjectif (féminin) Adverbe
difficile difficile difficilement ( ခက်ခဲသော – ခက်ခဲစွာ)
égal égale également ( ညီမျှသော – ညီမျှစွာ )
effectif effective effectivement ( မှန်ကန်ထိရောက်သော – မှန်ကန်ထိရောက်စွာ)
fort forte fortement ( သန်မာသော – သန်မာစွာ )
lent lente lentement ( နှေးကွေးသော – နှေးကွေးစွာ)
lourd lourde lourdement ( လေးလံသော – လေးလံစွာ)
franc franche franchement ( ပွင့်လင်းခင်မင်သော – ပွင့်လင်းခင်မင်စွာ)
économique économique économiquement( စီးပွားရေးနှင့်ဆိုင်သော-စီးပွားရေးဆန်စွာ)
théorique théorique théoriquement ( သီအိုရီကျသော – သီအိုရီဆန်စွာ)
joyeux joyeuse joyeusement ( ပျော်ရွှင်သော – ပျော်ရွှင်စွာ)
rapide rapide rapidement ( မြန်သော – လျင်မြန်စွာ)
ပုံမှန်မဟုတ်သောစာလုံးများထဲမှတချို့
énorme énorme énormément ( ကြီးမားသော – ကြီးမားစွာ)
joli jolie joliment ( လှပသော – လှပစွာ )
မူရင်း ကြိယာ ဝိသေသနများ လည်းရှိပါသေးသည်။
beaucoup ( beaucoup de + Nom) ဘိုးကူး ၊ များစွာ
peu ( peu de + Nom) ပါး ၊ နဲနဲ
assez ( assez de + Nom) အာ့စေး ၊ လုံလောက်စွာ
စာကြောင်းနမူနာ အချို့ သုံးစွဲပုံ ပြသထားပါတယ်။
Je mange beaucoup. ရ မောင့်ရှ် ဘိုးကူး ၊ ကျနော် အများကြီးစားတယ်
Je mange beaucoup de riz. ရ မောင့်ရှ် ဘိုးကူး ဒ ရီ ၊ ကျနော် ထမင်း အများကြီးစားတယ်
Elle visite peu. အယ်လ် ဗိ ဇိထ် ပါး ၊ သူမ နည်းနည်းသာ လည်သည်။
Elle visite peu de place. အယ်လ် ဗိ ဇိထ် ပါး ဒ ပလပ်စ် ၊ သူမနေရာ နည်းနည်းသာ လည်ပါတ်သည်။
Vous buvez assez. ဗူ ဗျူဗေ အာ့စေး ၊ ခင်ဗျား သောက်တာ လုံလောက်တယ်။
Vous buvez assez de vin. ဗူဗျူဗေ အာ့စေး ဒဗန် ၊ ခင်ဗျား ဝိုင် သောက်တာ လုံလောက်တယ်။
Adjectif မှ Nom သို့ ပြောင်းခြင်း၊
Adjectif စာလုံးတခုကို Nom သို့ ပြောင်း၍ရပါသည်။ အားလုံးကိုတော့မဆိုလိုပါ ။တလက်စတည်းပြောရလျှင် အလားတူစွာ Verbe မှ Nom သို့ပြောင်း၍လည်းရပါသည်။ ပြောင်းပြီး ရလာသော နာမ်များသည် အမကိန်းများဖြစ်ကြသည်။
Adjectif Nom
gentil gentillesse (n/f) (ရောန်းတီးရ်- ရောန်းတီးရက်စ် ) ကြင်နာခြင်း
souple souplesse (n/f) (စု..ပ လ် – စု ..ပ လက်စ် ) ပျော့ပြောင်းခြင်း
jeune jeunesse (n/f) (ရန်း – ရန်းနက်စ် ) နုပျိုခြင်း
vieux / vieille vieillesse (n/f) (ဗီးရ် ၊ဗီးရရီး – ဗီးရရီးရက်စ်) အိုမင်းခြင်း
poli politesse (n/f) (ပိုးလီး – ပိုးလီးတက်စ်) ယဉ်ကျေးခြင်း
patient patience (n/f) ( ပါ့စီးယွန့် – ပါ့စီးယွန်စ်) စိတ်ရှည်ခြင်း
Verbe Nom
laver lavage (လာ့ဗေး – လာ့ ဗာ့ရှ ) ဆေးခြင်း
nettoyer nettoyage (နေတွားရေး – နေတွားရာရှ် ) သုတ်ခြင်း
ဒီတပါတ်အနေနဲ့တော့ ပါရီမောင်ရဲ့ အလုပ်မအားပြီး ပျက်ကွက်မှုတွေကြောင့် သင်ခန်းစာအသစ်တင်ဖို့ ကြာနေတာတွေကိုလဲ စာဖတ်ပရိတ်သတ်ကိုတောင်းပန်ချင်ပါတယ်။ စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၃ ) အတွက်ကိုတော့ အသံဖိုင်ပဲ ကြိုတင်နားထောင်ထားနိုင်အောင်ပေးလိုက်ပါတယ်။ ရှင်းလင်းချက်ကိုတော့ နောက်တပါတ်မှာ ဆက်ကြတာပေါ့။
စကားပြော လေ့ကျင့်ခန်း သင်ခန်းစာ ( ၃ )
မကြာခင်ပြန်ဆုံကြမယ် A bientôt