>Burmese in San Francisco in solidarity with Daw Suu

>

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြပွဲ ဆန်ဖရန်စစ္စကို၌ ပြုလုပ်

မိုးမခ အထောက်တော် ၀၀၂

မေ ၁၉၊ ၂၀၀၉

(ဆန်ဖရန်စစ္စကို – မေ ၁၇၊ ၁၈) – နေအိမ်အကျယ်ချုပ်ထိန်းသိမ်းရမှ အင်းစိန်ထောင်အတွင်း အပို့ခံရ၍ အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာပြည်လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့၌ ပြုလုပ်ရာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ (ဘေးဧရိယာ) ရှိ မြန်မာများနှင့် မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားသူ အမေရိကန်လူမျိုးများ တက်ရောက်ခဲ့သည်။

ကုလသမဂ္ဂ အဆောက်အဦဟောင်း ရင်ပြင်တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲသို့ လူ ၁၀၀ ခန့် တက်ရောက်ပြီး အမှုဆင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည် လက်ရှိအခြေအနေများ ပြောဆိုခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ ညနေကလည်း ဖရီးမောင့်မြို့ရှိ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်အတွက် ရည်စူးပြုလုပ်သည့် ဆုတောင်းပွဲတရပ် ကျင်းပခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts