>BLC criticizes SPDC

>

ဒေါ်စုအား ရုံးတင်စစ်ဆေးမှုမှာ နည်းလမ်းမကျဟု ဥပဒေအဖွဲ့ ထောက်ပြ
မိုးမခအထောက်တော် ၀၀၄
မေ ၁၅၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသည့် အင်းစိန်ထောင်ရှေ့ ယနေ့မြင်ကွင်း (photo: getty images)


ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးတင် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (Burma Lawyer Council – BLC) က ယနေ့ ထောက်ပြ ပြောဆိုလိုက်သည်။

စစ်ဗိုလ်ချုပ်များက ဒေါ်စုကို “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” ဖြင့် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်များက “တရားရုံး၏ ခွင့်ပြုချက်ကို တောင်းစရာ မလိုဘဲ” မည်သူ့ကိုမဆို ထိုဥပဒေဖြင့် ထိန်းသိမ်းနိုင်သည်ဟု ဆိုသည်။

“ဤဥပဒေဖြင့်ပင် တရားစီရင်ရေး ယန္တယားကို အသုံးပြုကာ ဆက်လက် အပြစ်ပေးရန် ကြိုးပမ်းခြင်း” မှာ မှားယွင်းနေသည်ဟု ထောက်ပြထားသည်။

ယခု ထောက်ပြ ကန့်ကွက်သည့် BLC အဖွဲ့သည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် အဖွဲ့တခုဖြစ်သည်။ စစ်အစိုးရက ဤအဖွဲ့ကို မတရားအသင်း အဖြစ် ယခုလဆန်းပိုင်းတွင် ကြေညာထားသည်။

BLC အဖွဲ့သည် မြန်မာအာဏာပိုင်တို့၏ လုပ်ရပ်ကို ICC ဟု ထင်ရှားသည့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး က အရေးယူနိုင်ရေးအတွက် ကြိုးစားနေသည့် အဖွဲ့လည်း ဖြစ်သည်။

ဒေါ်စုကို လုပ်ကြံသတ်ဖြတ်မှု၊ နာဂစ်ဒုက္ခသည်များထံ ပေးပို့မည့် အကူအညီများ နှောင့်နှေးစေမှု၊ နယ်စပ်ဒေသတွင် ပြည်သူတို့ကို သတ်ဖြတ်မှု၊ ၂၀၀၇ ခုနှစ်တွင် ဆန္ဒပြသော သံဃာများအား သတ်ဖြတ်မှုတို့ဖြင့် မြန်မာအစိုးရကို ခုံရုံးတင်နိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts