>Oveseas Burmese to Protests to Free Daw Aung San Suu Kyi

>

ပြည်ပရောက် မြန်မာတို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြ တောင်းဆိုကြပြီ

မိုးမခ အထောက်တော် ၀၀၂

မေ ၁၅၊ ၂၀၀၉

ယမန်နေ့များက ကိုရီးယားနှင့် ဂျပန်ရှိ မြန်မာများ အသီးသီး စုဝေးကြပြီး မြန်မာပြည်၊ ရန်ကုန်မြို့တွင် စစ်အစိုးရ၏ မတရား ဖမ်းဆီးပြီး တရား စီရင်ခြင်း ခံနေရသူ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရေးနှင့် ဥပဒေမဲ့ မတရား အကြမ်းဖက် ဆောင်ရွက်နေသူ နအဖ စစ်အုပ်စုအား ကန့်ကွက် ရှုတ်ချ ဆန္ဒပြ တောင်းဆိုခြင်းများကို မြန်မာ သံရုံးများ ရှေ့တွင် ပြုလုပ်ကြသည်။

အလားတူ ကနေဒါနှင့် အမေရိကန် အရှေ့ခြမ်း နယူးယောက် နှင့် ၀ါရှင်တန်ရှိ မြန်မာများကလည်း လာမည့် ရက်များတွင် မြန်မာသံရုံးများ ရှေ့တွင် သွားရောက် ကန့်ကွက် ဆန္ဒပြကြမည် ဖြစ်ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။

မိုးမခ၏ ရွာဆော်ကြီး ပြက္ခဒိန် ကဏ္ဍတွင် မြန်မာ အမျိုးသားရေး အတွက် အရေးပေါ် လှုပ်ရှားမှုများ ဖိတ်ခေါ်နေကြသည် တို့ကို ဖော်ပြထားသည်။ ဒီနေရာကနေ သွားကြည့်ပါ။ မိုးမခကို အကြောင်းကြားပါက အစီအစဉ်များကို တင်ဆက်ပေးထားမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts