>Air Mandalay will restart the Chiang Mai trip

>

Air Mandalay လေကြောင်းလိုင်း ရန်ကုန်-ချင်းမိုင်ခရီးစဉ်
သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်
သတင်းနှင့် ဓာတ်ပုံ – weeklyeleven
မေ ၁၊ ၂၀၀၉

၂၀၀၈ ခုနှစ် စက်တင်ဘာလ အတွင်းက ခေတ္တရပ်နားထားခဲ့သော Air Mandalay လေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ယခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင်ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည် တွင်းလေကြောင်းလိုင်းအသိုင်းအ၀ိုင်း မှ စုံစမ်းသိရှိရသည်။

Air Mandalay လေကြောင်း ပိုင်လေယာဉ်နှစ်စင်းစလုံးကို လေ ယာဉ်တစ်စင်းလုံးအသေးစိတ်ပြုပြင် ထိန်းသိမ်းပြင်ဆင်မှု (C check) လုပ်ဆောင်မှုကြောင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလလယ်ခန့်တွင် ပြည် တွင်း၊ ပြည်ပခရီးစဉ်အားလုံးကို ရပ် နားခဲ့ကြောင်းသိရသည်။ ထို့နောက် ပြည်တွင်းခရီးစဉ်များကို ပြန်လည် ပြေးဆွဲခဲ့ပြီး ပြည်ပခရီးစဉ်ဖြစ်သော ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကိုမူ လာ မည့် သြဂုတ်လ ၂ ရက်နေ့တွင်မှ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သြဂုတ်လ ၂ ရက်နေ့မှစ၍ တစ်ပတ်လျင်နှစ်ကြိမ် သောကြာနေ့ နှင့် တနင်္ဂနွေနေ့များတွင် ညနေ ၄ နာရီ မိနစ် ၃၀ ၌ ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ပြေးဆွဲသွားမည် ဖြစ် ကြောင်း သိရသည်။

ယခင်က ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို အပတ်စဉ် ကြာသပတေး နှင့် တနင်္ဂနွေနေ့များ၌ ပြေးဆွဲခဲ့ပြီး ကြာသပတေးနေ့ ခရီးစဉ်တွင် ရန် ကုန်-ချင်းမိုင်-မန္တလေး ခရီးစဉ်ကို ပြေးဆွဲခဲ့သော်လည်း ယခုခရီးစဉ် တွင်မူမန္တလေးသို့ ဆင်းသက်တော့ မည်မဟုတ်ဘဲ ရန်ကုန်-ချင်းမိုင်၊ ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကိုသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ထို့အပြင် လေယာဉ်လက်မှတ် နှုန်းထားမှာလည်း ယခင်ကထက် အနည်းငယ်မြင့်တက်နိုင်ကြောင်း လည်း သတင်းရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts