>Burmese traditional boxing school

>

မြန်မာ့လက်ဝှေ့ သင်တန်းကျောင်းကြီး ဖွင့်မည်
မိုးမခ အထောက်တော် ၀၀၆
ဧပြီ ၂၅၊ ၂၀၀၉

၁၉၆၀ ပြည့်နှစ်က ရန်ကုန်တွင်ပြုလုပ်သော လက်ဝှေ့ပွဲတခု။ မြန်မာ့လက်ဝှေ့သည် လက် သာမက တံတောင်၊ ဦးခေါင်း၊ ခြေထောက်၊ ဒူး တို့ကိုလည်း အသုံးပြုနိုင်သည်။ (ဓာတ်ပုံ-Bettmann/CORBIS)


မြန်မာ့လက်ဝှေ့ သင်တန်းကျောင်းကြီး ဖွင့်ရန် ပြင်ဆင်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးထားသည်။

သင်တန်းကျောင်း အဆောက်အအုံ ဆောက်လုပ်နေကြောင်း၊ ဇွန်လတွင် ရိုးရာ လက်ဝှေ့သမားဟောင်းကြီးများ နှင့် သင်ရိုးညွှန်းတမ်း အချောသပ် ရေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင်တန်းကျောင်းကို ”အားကစား ဝန်ကြီး ဌာန မြန်မာ့ရိုးရာ လက်ဝှေ့ သင်တန်းကျောင်း နှင့် လက်ရွေးစင် လေ့ကျင့်ရေး စခန်း”ဟု အမည်ပေးရန် လျာထားသည်ဟု ဆိုသည်။

ရိုးရာ လက်ဝှေ့ နည်းပြ ဆရာ သင်တန်း၊ ဒိုင်လူကြီး သင်တန်းများပါ ပို့ချမည်ဟု သိရသည်။

မေ ၂ရက်၊ ၃ ရက်နေ့တို့တွင် ကျင်းပမည့် မြန်မာ-ဂျပန် လက်ဝှေ့စိန်ခေါ်ပွဲတွင် စိန်ခေါ်သူ ဂျပန်လက်ဝှေ့သမား ဆာမူကာဝါ နှင့် မြန်မာ့ လက်ဝှေ့ကျော် လုံးချော တို့ တိုက်ခိုက် ထိုးသတ်ကြမည်ဟု ဆိုသည်။

( လုံးချော နှင့် ဂျပန် လက်ဝှေ့သမားတဦးတို့ ဆိုင်းသံ ဗုံသံများဖြင့် ထိုးကြိတ်ခဲ့ကြပုံ ဗီဒီယို မှတ်တမ်းတို ကြည့်ရှုရန် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts