>
ပက်ချင်မပြည့်တဲ့ လမ်း
သစ်ကောင်းအိမ်
ဧပြီ ၂၅၊ ၂၀၀၉
အတောင်ပံတွေက
ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်။
ကောင်းကင်က
မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်။
မီးရထားဘီးတွေက
သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်။
မလှဲဘူး
လွှင့်တုန်းပါပဲ …
အလံလည်း အသံတွေဝင်လို့
စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်။
ကျောင်းပြေးခဲ့တယ်
အိမ်ပြေးခဲ့တယ်
မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်
ခုလည်း … တိုင်းပြည်က ပြေးပြန်တယ်။
အ၀င်ဆိုးလိုက်တာ …
အ၀င်ဆိုးလိုက်တာ …
အ၀င်ဆိုးလိုက်တာ … ။
ငရဲမှာ ပြဒါး ဖမ်းကြ
ငရဲမှာ အပ်ပျောက် ရှာကြ။
တမွန်းတည့် မကတဲ့ ခေတ်
တရားသဖြင့်
ပန်းတို့ပွင့်ရန် …
အို- အသင် ဒေ၀ဒတ်
သံသရာ အဆက်ဆက်
ခြစ်ရာများ
ချစ်ခဲ့တယ်။ ။
(၂၀၀၆)