>Black water festival in Thailand

>

ဘန်ကောက်မြို့ သင်္ကြန် ပထမနေ့ မြင်ကွင်း
ဆန္ဒပြသူများက လမ်းကို ဘတ်စ်ကားများဖြင့် ကန့်လတ်ဖြတ် ပိတ်ပြီး ကားတချို့ကို မီးရှို့ခဲ့ကြသည်။

ဘန်ကောက်တွင် သင်္ကြန်ပွဲထက် ဆန္ဒပြပွဲ လူ ပိုများ
ဓာတ်ပုံသတင်း
ဧပြီ ၁၃၊ ၂၀၀၉

ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ သင်္ကြန်ပွဲတော် အချိန် ရောက်နေသော်လည်း ရပ်နားခြင်း မရှိသေးပေ။ ဆန္ဒပြသူများက ပြည်ပသို့ တိမ်းရှောင်သွားသော ၀န်ကြီးချုပ်ဟောင်း၏ ဘက်တော်သားများဖြစ်သည်။ ၎င်းတို့က လက်ရှိအစိုးရ မပြုတ်ကျမချင်း ဆန္ဒပြကြမည်ဟု ဆိုသည်။ အစိုးရက ဘန်ကောက်အပါအ၀င် ခရိုင် ၅ ခုကို အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ် ချထားလိုက်သည်။ ထိုဒေသများတွင် အကြီးအကျယ် ဆင်နွဲရန် ပြင်ဆင်ထားသည့် ရေသဘင်ပွဲတော်များ ခြောက်ကပ်ကပ် ဖြစ်သွားရသည်။


ယမန်နေ့က ဆန္ဒပြသူများ ပြည်ထဲရေးဝန်ကြီးရုံးအတွင်း ၀င်ရောက်ပြီး မော်တော်ယာဉ်တချို့အား တိုက်ခိုက်ခဲ့ပုံ နှင့် ဘန်ကောက်မြို့ တနေရာတွင် ကားမောင်းသူတဦးအား ရန်ပြုနေကြပုံ


စစ်သားတို့က ဆန္ဒပြသူ တချို့ကို ထိန်းသိမ်းခဲ့သည်။


ဆန္ဒပြသူ တချို့က ဓာတ်ဆီပုလင်းဗုံး၊ ကျောက်ခဲ တို့ဖြင့် စစ်သားများကို ပစ်ပေါက် တိုက်ခိုက်ကြသည်။ စစ်တပ် က ဆန္ဒပြသူများကို လူစုခွဲရာမှ
ယနေ့ တနင်္လာနေ့ ညနေ ၆ နာရီထိ ဒဏ်ရာရသူ ၉၄ ဦး ရှိသည်ဟု ဆိုသည်။ ဒဏ်ရာရသူများထဲတွင် စစ်သားများ လည်း ပါဝင်သည်။
ထိုင်းအလံ ကိုင်ဆောင်ထားသော ဆန္ဒပြသူတဦး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts