>The Pe Maung – Burmese Reporter of our Time

>

မြန်မာပြည်တွင်းသတင်းထောက်

သည်ဖေမောင်

ဧပြီ ၄၊ ၂၀၀၉

စတုတ္ထမြောက် ဒေါက်တိုင်တဲ့လား

နေပူထဲက အော်နေကြ

ငါတို့ဟာ တိုင်းပြည်ရဲ့စတုတ္ထတဲ့။

ယမ်းငွေ့တွေကြားထဲမှာ …

အမှန်တရားရှာရ …

ပြောရတာလည်း

အခက်သားလား။

အဲ … အဲ …

ပြောလိုက်ကြသေး … (တချို့က)

အများဆန္ဒအကြိုက် …

ကြော်ငြာလေးနဲ့ မှေးနေလိုက်…

ရေလိုက် ငါးလိုက်တဲ့…

ဒါကိုဘ၀လို့ ခေါ်သလား…

အား …

ခါးလွန်းတယ် …

အများအတွက်လည်း ခါးချင်ခါးမယ်

ဈေးကွက်သဘောအရ

မပြောပ လောက်တာလဲ ဖြစ်ချင်ဖြစ်မယ်

(ဆရာ့) ဆရာကြီးတွေ ငြိုငြင်မှာစိုးတာလည်း

ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဆေးခါးကြီးဆိုတော့ …

အလွယ်သောက်လို့ ရချင်မှရမယ်…

နောက်ဆုံးတော့ ငါ့ဆေးငါပြန်မြိုခဲ့ရ…

လောလောဆယ် အိမ်မှာ ထမင်းအိုးပေါက်နေတယ်….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts