>Chosaint – Zero Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

သုညထဲက ညလက်လက်

ချိုစိမ့်

ဧပြီ ၁၊ ၂၀၀၉

နှင်းတောထဲမှာ

ငါ …

ပန်းပင်လေးတွေ စိုက်တယ်။

အပင်ဖြစ်စ ပန်းပင်

ငှက်ကလေးတွေ ထိုးဆိတ်တယ်။

သေကြရှာပါ့ကုန်

ငါ …

ထပ် စိုက်တယ်

ငှက် ဆိတ်

ဒီ သံသရာ

ငါ …

မညည်းဘူး။

ကုန်သွားတဲ့ မနေ့ကတွေကို

ငါ …

လက်ပန်းမကျခဲ့ဘူး။

မနေ့ညက

ကောင်းကင်မှာ

ခရမ်းပြာ ကြယ်ပွင့် လက်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts