>Internet service disrupted in Burma

>

မြန်နှုန်းနိမ့်အင်တာနက်ကြောင့် မြန်မာပြည်မှ လုပ်ငန်းရှင်များထိခိုက်
AP သတင်းဌာန
ဧပြီ ၁၊ ၂၀၀၉


မြန်မာပြည်တွင် အင်တာနက် မြန်နှုန်း နိမ့်လွန်းသဖြင့် ခရီးသွား လုပ်ငန်း ကိုယ်စားလှယ်များ၊ ပို့ကုန် လုပ်ငန်းရှင်များ အထူး ထိခိုက်ပြီး အင်တာနက် ကဖေးများတွင်လည်း ဖောက်သည်များ လျော့နည်းသွားသည်။
အင်တာနက် မြန်နှုန်း နှေးကွေးလွန်းရခြင်းမှာ ပြင်ဆင် မွမ်းမံနေခြင်းကြောင့် ဖြစ်ကြောင်း စစ်အစိုးရက ယနေ့ ဆင်ခြေပေးလိုက်သည်။ ဘင်္ဂလား ပင်လယ်ရေအောက်ရှိ နိုင်ငံတကာ ကေဘယ်လ်ကြိုး ပြုပြင်မှုမှာ မတ်လ ၂၁ ရက်နေ့မှ စတင်ခဲ့သည်ဟု ဆိုသည်။

ပြင်ဆင်မှုမှာ မတ်လ ၂၅ တွင် ပြီးဆုံးမည်ဖြစ်ကြောင်း မြန်မာတယ်လီပို့ ဟု ထင်ရှားသည့် အစိုးရပိုင် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းက ကြေညာထားသည်။

သို့သော်လည်း အခက်အခဲများကြောင့် အနည်းဆုံး ဧပြီ ၃ ရက်နေ့အထိ ပြင်ဆင်မှု အဆုံးသတ်နိုင်မည်မဟုတ်ဟု ဆိုပြန်သည်။ “unexpected difficulties.”

မြန်မာပြည်မှ စစ်အုပ်စုသည် အင်တာနက် စာမျက်နှာများကို အငြိုးတကြီး ပိတ်ဆို့ ကန့်သတ်ထားသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် ဆက်စပ်သော၊ ဒီမိုကရေစီရေးကို မြှင့်တင်သော အင်တာနက်စာမျက်နှာများကို ပိတ်ဆို့ထားသည်။

စီးပွားရေး လုပ်ငန်းရှင်များက ယခု ဖြစ်ပေါ်နေသော အင်တာနက် အရှိန် နှေးကွေးမှုမှာ စက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကြောင့်ဖြစ်မည်ဟု ယူဆကြသည်။

မည်သည့်အကြောင်းကြောင့် နှေးကွေးသည် ဖြစ်စေ ခရီးစဉ် အများအပြား ဖျက်ခဲ့ကြောင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ခရီးစဉ်များက ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံများသို့ ပြောင်းလဲသွားကြသည်ဟု ဆိုသည်။

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကလည်း ၎င်းတို့၏ အင်တာနက် နှေးကွေးခြင်းကြောင့် လုပ်ငန်းများ ထိခိုက်ရသည်ဟု ဆိုသည်။

“ခေတ်က အင်တာနက်ခေတ် ဖြစ်နေပြီ၊ ခရီးသည်တွေ အထူးသဖြင့် နိုင်ငံခြားက ခရီးသည်တွေက ခရီးစဉ်ကို အင်တာနက်ကနေပဲ ပြင်ဆင်ကြတယ်။ အင်တာနက်နှေးတော့ ကျမတို့ လုပ်ငန်းတွေကို ထိတာပဲ” ဟု ခရီးသွား လုပ်ငန်းတခုမှ အမျိုးသမီးက ဆိုသည်။

အခက်အခဲ ကြုံရသူများထဲတွင် အင်တာနက်ကဖေးများလည်း ပါဝင်သည်။ အချို့ဆိုင်များက ပိတ်ထားကြသည်။

“စာမျက်နှာ တခု ပွင့်ကျလာဖို့ တကမ္ဘာလောက်ကြာတယ်” ဟု အင်တာနက်ဆိုင်ရှင်တဦးက ဆိုသည်။ ယခုအချိန်တွင် လုပ်ငန်း ၇၀ ရာခိုင်နှုန်း ထိခိုက်နေသည်ဟု ဆိုသည်။ “Gmail ကိုတော့ သုံးလို့ ရနိုင်ပါသေးတယ်၊ ဒါပေမယ့် အင်တာနက်ဂိမ်း ကစားတဲ့၊ အွန်လိုင်းကနေ ဆက်သွယ် ပြောဆိုတတ်ကြတဲ့ လူငယ်တွေ ဖောက်သည်တွေက ဒီလောက် နှေးတဲ့ အင်တာနက်ကို လာမသုံးကြတော့ဘူး” ဟု ပြောပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts