>Maung Tha Ya in Nevada underwent heart sugery

>



စာရေးဆရာ မောင်သာရ ဆေးရုံတွင် နှလုံးအကူစက် ခွဲစိတ်တပ်ဆင်ရ

မိုးမခ အထောက်တော် ၀၀၂

မတ် ၃၁၊ ၂၀၀၉

အမေရိကန်ပြည်၊ နဗားဒါးပြည်နယ်တွင် ရောက်ရှိနေသည့် စာရေးဆရာကြီး မောင်သာရ နှလုံးရောဂါအခြေအနေကြောင့် ၎င်းနေထိုင်ရာအရပ်ရှိ ဆောက်သ်သန်ဟီလ် (Southern Hill) ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု ကြားသိရသည်။ နှလုံးအကူစက် (Peace Maker) ကို ခွဲစိတ်ပြီး တပ်ဆင်ထားရသည်ဟု ဆိုသည်။

ယခု အသက် ၈၀ နားနီးနေပြီဖြစ်သည့် မြန်မာပြည်၏ နံမည်ကျော် ဘ၀သရုပ်ဖော်စာရေးဆရာကြီးတဦးဖြစ်သူ မောင်သာရသည် ၁၉၉၉ တွင် ပြည်ပသို့ ထွက်ခွာလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ်ကတည်းက ၎င်း၏ နိုင်ငံရေးယုံကြည်ချက်များကြောင့် စစ်အစိုးရက စာရေးသားခွင့်ကို ပိတ်ပင်ခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သြဂုတ် ၂၉၊ ၁၉၉၉ ထုတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာပြည်တွင် ထိပ်တန်း အရောင်းရဆုံး ၀တ္ထုရေးဆရာအဖြစ် ၁၉၅၅ မှ ၁၉၈၉ ခုနှစ်အတွင်း လုံးချင်း ၇၀ နှင့် ၀တ္ထုတို အပုဒ် ၃၀၀ ကျော် ရေးသားခဲ့သည်။ ၁၉၇၀ တွင် မတ်တပ်ရပ်လို့ လမ်းမှာငို ၀တ္တုဖြင့် အမျိုးသားစာပေဆု ရခဲ့သည်။ သာရမဂ္ဂဇင်းတစောင်ကိုလည်း ၁၉၈၀ ခုနှစ်များအတွင်းက စီစဉ်ထုတ်ဝေခဲ့ရာ များစွာ အောင်မြင်ခဲ့သည်။ ယခုအခါ ပြည်ပ စာနယ်ဇင်းနှင့် ရေဒီယိုများတွင် အခါအားလျော်စွာ စာရေးသား ဟောပြောလျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts