>Eain Thi’s poem 02

>

အမိမြေ
အိမ်သီ (သာယာဝတီ)
မတ် ၂၉၊ ၂၀၀၉


ရင်ထဲ
အမြဲ ထာဝရ
သိမ်းဆည်းထား
မွန်းကြပ်လာတိုင်း
ပို ပို သတိတရ နဲ့  လွမ်း ..

တခါ တရံ
မတူတဲ့သူတွေကြား
ကြိုးစား ပမ်းစား
ထုတ် ထုတ်ပြီး ကြွား ..

တပါးသူ ရဲ့ 
သယံဇာတတွေထဲ
စီးမျောနေပေမဲ့ 
ဒီနေ့အထိ
သူနဲ့ကြီးပြင်းနေတုန်းပဲ……….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts