>UDP reportedly sues Irrawaddy Mag

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) က ဧရာဝတီ ဦးအောင်ဇော်ကို တရားစွဲ ဟုဆို
မိုးမခအထောက်တော် ၀၀၄
မတ် ၂၆၊ ၂၀၀၉

ကနေဒါရှိ မြန်မာ့နိုင်ငံရေးပါတီတခုဖြစ်သည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်ကို အင်္ဂါနေ့က တရားစွဲဆိုလိုက်သည်ဟု အဆိုပါ ပါတီ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဧရာဝတီမဂ္ဂဇင်းသည် UDP နှင့် UDP ခေါင်းဆောင် ဦးကျော်မြင့်ကို “နိုင်ငံရေး ပုဂ္ဂိုလ်ရေး စီးပွားရေးအရရော ထိခိုက်နစ်နာစေရန် ကြံရွယ်ချက်ဖြင့်” အခြေအမြစ်မရှိ စွပ်စွဲ ရေးသားထားခဲ့သည်ဟု UDP က ဆိုသည်။

ဦးအောင်ဇော်ကို ဧရာဝတီ မဂ္ဂဇင်း အခြေစိုက်ရာ ထိုင်းနိုင်ငံတွင် တရားစွဲထားကြောင်း UDP က ဆိုသည်။

သို့သော်လည်း ဦးအောင်ဇော်အနေဖြင့် ယခုအချိန်အထိ တရားရုံး၏ တရားဝင် အကြောင်းကြားစာ ရရှိခြင်း မရှိသေးကြောင်း ယနေ့ ညနေပိုင်းက ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန၏ ထုတ်လွှင့်ချက်တွင် ဖော်ပြထားသည်။

“ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane’s Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်”ဟု ဧရာဝတီသတင်းတပုဒ်တွင် တွေ့ရသည်။

UDP သည် လွန်ခဲ့သည့် ၂ နှစ်က ကနေဒါနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ၎င်းတို့ပါတီကို ကမ်းလှမ်းခဲ့ကြောင်း ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် ဗွီအိုအေ သတင်းဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ဦးကျော်မြင့်က ပြောကြားခဲ့ဖူးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts