>readers rely on journals: weekly eleven

>

သတင်းရရန် ဂျာနယ်ဖတ်နေကြရသည်ဟု စစ်တမ်းတခုက ဖော်ပြ

မိုးမခအထောက်တော် ၀၀၆
မတ် ၂၃၊ ၂၀၀၉
Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည့် မြန်မာပြည်ရှိ ထင်ရှားသော သတင်းအုပ်စုများ


မြန်မာပြည်မှ စာဖတ်သူများသည် ပုဂ္ဂလိက ဂျာနယ်များကို သတင်းအချက်အလက်များ နေ့စဉ် ရရှိရန် အားကိုးနေရသည်ဟု သိရကြောင်း အနယ်နယ် အရပ်ရပ်မှ စာဖတ်သူ ၁၆၀၀ ကို စစ်တမ်းကောက်ယူပြီး Weekly Eleven ဂျာနယ်က ယနေ့ ရေးသားဖော်ပြလိုက်သည်။ ရုပ်မြင်သံကြား (DVB အပါအ၀င်)၊ ရေဒီယို (RFA, BBC, VOA အပါအ၀င်)တို့ထက် ဂျာနယ်များကို ပိုမို အားကိုးကြသည်ဟု ဆိုသည်။

အဆိုပါ စစ်တမ်းတွင် ပါဝင်သော ပရိသတ်က ပြောပြသည့် သတင်းရင်းမြစ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပုဂ္ဂလိက ဂျာနယ် မဂ္ဂဇင်းများ – ၅၀%

ရုပ်မြင်သံကြား – ၁၃.၂၅%
အင်တာနက် – ၁၂.၁၈%
သတင်းစာ – ၁၀.၁၆%
ရေဒီယို – ၉.၈၅%

စစ်အစိုးရ၏ စာပေစိစစ်ရေးဌာနကလည်း နိုင်ငံရေး နှင့် အစိုးရ ဌာနများနှင့် ပတ်သက်သည့် သတင်းများမှလွဲ၍ အခြားသတင်းများကို ဖော်ပြခွင့်ပြုလာသည်ဟု အယ်ဒီတာတဦးကို ကိုးကားပြီး ရေးသားထားသည်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts