Uncategorized

Letter to Moemaka

ဟင်္သာတမြို့နယ်ထဲက လူကုန်ကူးမှုအား အာဏာပိုင်တွေ အကာအကွယ်ပေး
ဟင်္သာတသား (မိုးမခပေးစာ)
ဇူလိုင် ၁၀၊ ၂၀၁၃


၈.၇.၂၀၁၃ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ နယ်အတွင်းမှ လူကုန်ကူးမှုတစ်ရပ်အား အာနာပိုင်များ အကာကွယ်ပေးထားသည်ကို အများပြည်သူများသိရှိစေရန် တင်ပြလိုက်ပါသည်။
ဖြစ်ရပ်အမှန်မှာ လွန်ခဲသော တစ်နှစ်ခန့် က ကိုင်းချောင်အုပ်စု ပျဉ်းမချောင်းကျေးရွာ ယခုလက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးအောင် သန်းသည် တလုပ်တ္တော် ကျေးရွာပိုင် ခြင်းကုန်းရွာမှ ဦးတင်သန်း၏ သာနှစ်ဦးဖြစ်သူကို တစ်ဖက်ထိုင်းနိုင်ငံ ငါးဖမ်းသင်္ဘောသို့ ရောင်း စားခံရပြီး ယခုအခါ ရောင်းစားခံရသူနှစ်ဦးမှာ တစ်ဖက်နိုင်ငံမှ ပြန်လည်ထွက်ပြေးလွတ်မြောက်လာပြီး သက်ဆိုင်ရာ ဟင်္သာတမြို့  အမှတ် ၂ ရဲစခန်းမှုးဝင်းဇော်အား တင်ပြတိုင်ကြားရာ စခန်းမှုးဝင်းဇော်မှ လူကုန်ကူးမှုကျုးလွန်သူ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်သန်းထံမှ လဒ်ငွေ ၁၀ သိန်းရယူခြင်း ကျေးရွာအတွင်းပြည်သူများသုံးစွဲ ရန်အတွက် ချပေးသော ဖုန်းကဒ်များထဲမှ ဖုန်းကဒ် ၅ ကဒ်ကို စခန်းမှုးဝင်းဇော်မှ

တံစိုးလက်ဆောင်အဖြစ် ရယူထားခြင်းတို့ ကြောင့် လူကုန်ကူးတရားခံ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်သန်းအား ယနေ့ အချိန်အထိ ဖမ်းစီးအရေးယူဆောင်ရွက်ခြင်းမရှိဘဲ တရားခံဖက်မှ အကာအကွယ်ပေးထားသည်ကို အများပြည်သူများ သိရှ်စေရန်နှင့် အထက် အာဏာပိုင် အဖွဲ့အစည်းများသိရှိစေရန် တင်ပြလိုက်ရပါသည် ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts