ဓာတ်ပုံသတင်း

Visiting 88 Generation Leaders now arrive in Washington DC Metro to meet with Burmese Community

၈လေးလုံး ငွေရတုအကြို ၀ါရှင်တန်ဒီစီမက်ထရို မြန်မာမိသားစုများနှင့် တွေ့ဆုံရန် ၈၈ မျိုးဆက်များ ဘာတီမိုးကို ရောက်ပြီ၊ နက်ဖြန် တွေ့ကြမည်
မိုးမခဓာတ်ပုံသတင်း၊ (ကိုအံ့ဘွယ်ကျော်ဖေ့စ်ဘွတ်)၊ ဇူလိုင် ၁၂၊ ၂၀၁၃
၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်ရဲ့  ဖေ့ဘွတ်အပ်ဒိတ်အရ  မြန်မာပြည်က  ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် တွေဖြစ်တဲ့ ကိုမင်းဇေယျာ၊ ကိုပြုံးချိုနဲ့ ကိုအံ့ဘွယ်ကျော်တို့ ၀ါရှင်တန်ဒီစီအနီးရှိ ဘာတီမိုးလေဆိပ်ကို ရောက်ရှိကြတယ်။ မိတ်ဆွေများက လာရောက် ကြိုဆိုကြတယ်လို့ ရေးသားထားပါတယ်။ 
ဇူလိုင် ၇ ရက်က LA Burmese Community နဲ့ တွေ့ဆုံခဲ့ပြီး သည်တပတ်မှာတော့ …
Washington DC Metro Burmese Community နဲ့ ဇူလိုင် ၁၃ စနေနေ့မှာ၎င်း၊ 
North Carolina Chapel Hill Burmese Community နဲ့ ဇူလိုင် ၁၄ တနင်္ဂနွေနေ့မှာ၎င်း  တွေ့ဆုံကြမယ် ဖြစ်ပါတယ်။
၎င်းနောက် ဇူလိုင် ၂၀ နောက်တပတ် စနေနေ့မှာ Newyork Buffallo Burmese Community နဲ့၎င်း၊ 
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ
အချိန် 21st July, (Sunday) , 3 PM to 6 PM
နေရာ The Little Theater @ Serramonte Del Rey, 699 Serramonte Blvd., Daly City, CA, 94015၀င်ကြေး  အခမဲ့ ဖြစ်ပါသည်။
ဆက်သွယ်ရန် – ကိုထွန်းမြတ်ဦး (ကိုပန်းသီး) (415-571-6401)၊ ကိုမိုးကျော် (650-834-0184) ၊ ကိုညီညီသန်း (510-940-3585) Media – မောင်ရစ် (မိုးမခ) (415-595-1485)၊ ကိုတိုးလွင် (415-424-5811)၊
ဇူလိုင် ၂၁ တနင်္ဂနွေနေ့မှာ San Francisco Bay Area Burmese Community နဲ့၎င်း ၈လေးလုံး အရေးတော်ပုံ ငွေရတုအကြို တွေ့ဆုံပွဲများ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts