>Oscar 2009

>

၈၁ ကြိမ်မြောက် ဟောလိဝုဒ် အကယ်ဒမီ
ကျော်ကျော်
ဖေဖေါ်ဝါရီ ၂၂ ၊ ၂၀၀၉


ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာ ထူးခြားတာကတော့ အများက ထင်ကြေး သိပ်မပေးထားတဲ့ Slumdog Millionaire ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Danny Boyle ရိုက်ကူးပြီး ကုန်ကျငွေ ဒေါ်လာ ၁၅ သန်းလောက်နဲ့ပဲ ရိုက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု အပါအ၀င် အခြားအကယ်ဒမီဆု ၇ ဆုကို ရရှိခဲ့ပါတယ်။

ဟောလိဝုဒ်ရဲ့ ၈၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ဖေဖေါ်ဝါရီ ၂၂ ရက် ကိုဒတ်ခန်းမ(Kodak Theatre) မှာ ကျင်းပခဲ့ပါတယ်။

Slumdog Millionaire ရုပ်ရှင်ဇာတ်လမ်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့(Mumbai) ဆင်းရဲသားရပ်ကွက်က အသက် ၁၈ နှစ်အရွယ် မိဘမဲ့ ကလေးတယောက်ရဲ့ ဘ၀ဇာတ်ကြောင်း ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံက “who want to be a millionaire” ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရသွားပါတယ်။ လမ်းဘေးက လူငယ်တယောက်က မေးခွန်းတိုင်းကို ဖြေဆိုနိုင်တာကို အများက သံသယဖြစ်ခဲ့ကြတယ်။ လိမ်လည်ပြီးမှ ပြိုင်ပွဲကို နိုင်ခဲ့တယ်လို့ သူ့ကို စွပ်စွဲကြတယ်၊ သူ့ကို ဖမ်းဆီး စစ်ဆေးညှင်းပန်းခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘ၀ နောက်ခံဇာတ်ကြောင်းက သူဘာကြောင့် မေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်ခဲ့တယ်ဆိုတာ ဇာတ်လမ်း ဆင်ထားပါတယ်။

၂၀၀၈ အကယ်ဒမီဆု (အော်စကာဆု) စာရင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

Best Picture: Slumdog Millionaire
Director: Danny Boyle (Slumdog Millionaire)
Cinematography: Anthony Dodd Mantle (Slumdog Millionaire)

Adapted Screenplay: Simon Beaufoy (Slumdog Millionaire)
Sound mixing: ResuI Pootkutty (Slumdog Millionaire)
Film editing: Chris Dickens (Slumdog Millionaire)

Best score: A R Rahman (Slumdog Millionaire)
Best song: Jai Ho by A R Rahman (Slumdog Millionaire)
Best actor: Sean Penn (Milk)

Best actress: Kate Winslet (The Reader)
Supporting actress: Penelope Cruz (Vicky, Cristina, Barcelona)
Supporting actor: Heath Ledger (The Dark Knight)

Original Screenplay: Dustin Lance Black (Milk)
Art Direction: Donald Graham Burt and Victor J. Zolfo (The Curious Case of Benjamin Button)
Costume Design: Michael O’Connor (The Duchess)

Make Up: Greg Cannom (The Curious Case of Benjamin Button)
Documentary feature: James Marsh and Simon Chinn (Man On Wire)
Documentary short: Megan Mylan (Smile Pinki)

Best Animation: Andrew Stanton (WALL-E)
Best Animated Short: Kunio Kato (Le Maison en Petits Cubes)
Live Action Short: Jochen Alexander Freydank (Spieezeugland)

Visual effects: Eric Barba, Steve Pregg, Burt Dalton, Craig Barron (The Curious Case of Benjamin Button)
Sound editing: Richard King (The Dark Knight)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts