>19 political prisoners released

>

နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ထောင်အသီးသီးမှ လွတ်မြောက်
အေပီသတင်းဌာန
ဖေဖော်ဝါရီ ၂၂၊ ၂၀၀၉
ယမန်နေ့က အင်းစိန်ထောင်ရှေ့တွင် သွားရောက် စောင့်ဆိုင်းနေကြသော နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုများ (photos: AP)


ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ရသော အကျဉ်းသား ၆၃၀၀ ကျော်တွင် သံဃာအချို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၃ ဦး ပါဝင်သည်ဟု သိရသည်။

ထိုအထဲတွင် ဒေါက်တာဇော်မြင့်မောင် ပါဝင်သည်။ ၎င်းသည် လွှတ်တော်ကိုယ်စားလှယ် တဦး ဖြစ်ပြီး ၁၉၉၁ တွင် ထောင် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

မြို့နယ်အဆင့် ခေါင်းဆောင် ၂ ဦးဖြစ်သူ ဦးသက်ဝေ၊ ဦးဖေသိန်းတို့လည်း ပါဝင်သည်။

၎င်းတို့သည် လွတ်ပေးရမည့် စာရင်းထဲတွင် ပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။ ထိုအသင်းသည် လူ့အခွင့်အရေး ဆောင်ရွက်နေသော အသင်းဖြစ်ပြီး၊ အသင်းက ထုတ်ပြန်သည့် သတင်းအချက်အလက်များမှာ တိကျသေချာကြောင်း ယခင်က ပြသနိုင်ခဲ့ပြီးဖြစ်သည်။ ကျန် ၁၆ ဦးမှာ သံဃာများဖြစ်သည်ဟု သိရသည်။ ၂၀၀၃ ခုနှစ်က စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ခင်ညွန့် ၎င်းတို့၏ ကျောင်းသို့ သွားရောက်စဉ်က ကံဆောင် သပိတ်မှောက်ခဲ့သူများဖြစ်သည်။

“ဒီလို လွှတ်ပေးလိုက်တာတွေက အပြသဘောသက်သက်ပါ” ဟု အသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုသည်။ “ဒီအသုတ်ထဲမှာ အဓိကကျတဲ့သူတွေ မပါဘူး” ဟု ပြောပြသည်။

ဦးဉာဏ်ဝင်းက အဖွဲ့ချုပ် အဖွဲ့ဝင်များ ထပ်မံလွတ်မြောက်လာမည်ဟု ယူဆနေသည်။

နိုင်ငံပိုင် ရေဒီယို နှင့် ရုပ်သံဌာန၏ သောကြာနေ့ ကြေညာချက်တွင် စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသား ၆၃၁၃ ဦးကို လွှတ်ပေးလိုက်သည်၊ ၎င်းတို့အနေဖြင့် ရှေ့နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts