>Thit Kaung Eain – To Kill Time, Let’s remember Ko Lwan Ni – Poem

>

Microsoft Word – T4T Remembrance.doc

အပျင်းပြေ ဆိုပြီး …

မောင်လွမ်းဏီကို သတိတရ

သစ်ကောင်းအိမ်

ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

စားကျက်ထဲ

အုပ်စုလိုက် သင်းကွဲနေတဲ့

သိုးအုပ်တွေကြား တရွေ့ရွေ့

နေ့များ

ညတွေက ဆင်ခြေအမှားတွေနဲ့ညားလို့



အပျင်းပြေ ဆိုပြီး

တနေ့နေ့

တနေရာရာက

မိုးကုပ်စက်ဝိုင်းဆီကို

မှန်းဆ

စက္ကူနဲ့လေယာဉ်ရုပ်ချိုးကြ

အပျင်းပြေ ဆိုပြီး

လူစုကြ

ဘောလုံးကန်ကြ၊ ခြင်းခတ်ကြ

အထိမ်းအမှတ်နေ့ တက်ရောက်ကြ

မိန့်ခွန်းပြောကြ



အပျင်းပြေ ဆိုပြီး

ရည်းစားထားကြ၊ လမ်းသလားကြ

ရေဒီယို နားထောင်ကြ

နိုင်ငံရေးစာပေ လိုက်စားကြ

နာမည် အလွတ်ကျက်ကြ



တကိုယ်လုံး အစားခံရဖို့

တဘ၀လုံး အသားတိုးပေးခဲ့ရ

ဝက်တကောင်ရဲ့ ဘဝ

လူကိုယ်တိုင်က လူ့အခွင့်အရေးစာအုပ်တွေ

ပြန်ဖတ်နေရ



အပျင်းပြေဆိုပြီး

ရွာပုန်းကြ၊ ရွာရှောင်ကြ

ခြေပြတ်ကြ၊ လက်ပြတ်ကြ

အဖေမဲ့ကြ၊ သားပျောက်ကြ

တောရောက်ကြ၊ တောင်ရောက်ကြ



ရယ်ရတယ်နော်

မောတော့ ရယ်တယ်

ရယ်တော့ မမောတော့ဘူး

မောမော ရယ်ရယ်ပေါ့ဗျာ



သေနတ်တလက်ရဲ့အဓိပ္ပာယ်ကတော့

မောင်းခလုတ်ကိုဖြုတ်တဲ့

လက်ညှိုးတချောင်းနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။



(၁၂၊ ဒီဇင်ဘာ ၊ ၂၀၀၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts