>Burma makes diplomatic ties with Andorra

>

မြန်မာပြည် နှင့် ကမ္ဘာ့အသေးဆုံးနိုင်ငံတခု သံအဆက်အသွယ် ပြုလုပ်
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉ မြန်မာနိုင်ငံသည် ကမ္ဘာ့ ဆဋ္ဌမမြောက် အသေးဆုံးနိုင်ငံဖြစ်သည့် Andorra နိုင်ငံနှင့် သံတမန်အဆက်အသွယ် ပြုလုပ်လိုက်သည်ဟု တနင်္ဂနွေနေ့ထုတ် စစ်အစိုးရသတင်းစာများက ဆိုသည်။ Andorra နိုင်ငံသည် ဥရောပတိုက်မှ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး စပိန် နှင့် ပြင်သစ် နယ်စပ်ပေါ်တွင် တည်ရှိသည်။ ရန်ကုန်မြို့၏ အကျယ်အ၀န်းခန့်သာရှိသည့် နိုင်ငံဖြစ်သည်။ လူဦးရေမှာ ပြီးခဲ့သည့်နှစ် တွက်ချက်မှုများအရ ရှစ်သောင်းကျော်ရှိသည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts