>sport news on Feb 15

>

ဖေဖော်ဝါရီ ၁၅ အားကစားသတင်း
ဝင်းလက်

ဖေဖော်ဝါရီ ၁၅၊ ၂၀၀၉


မိုက်ကယ်ဖေးကို ပြောင်လှောင်နေကြသော လူရွှင်တော်နှစ်ဦး


မိုက်ကယ်ဖေး တရုတ်နိုင်ငံအား တောင်းပန်စကားဆို
အိုလံပစ်ရွှေတံဆိပ်များပိုင်ရှင် ရေကူးချန်ပီယံ မိုက်ကယ်ဖေးသည် မိမိ၏အပြုအမူအတွက် တရုတ်နိုင်ငံအား အနူးညွှတ် တောင်းပန်လိုက်သည်။ မိုက်ကယ်ဖေး ဆေးတံဖြင့် ဆေးခြောက် သောက်သုံးနေပုံကို ဗီဒီယို မှတစ်ဆင့် တကမ္ဘာလုံး မြင်တွေ့ရ၍ အံဩခဲ့သည်။ ယင်းအဖြစ်ကို အားကစားရေးဆိုင်ရာများက မျိုးဆက်သစ် အားကစား သမားများ လမ်းမှားရောက်အောင် ပြုလုပ်နေသည်ဟု ဝေဖန် ပြစ်တင်ကြသည်။

မေဝဲသာ

လက်ဝှေ့ ချန်ပီယံဟောင်း မေဝဲသာ အနားယူ
WBC light weight ချန်ပီယံဟောင်း မေဝဲသာ သည် လက်ဝှေ့လောကမှ အပြီးအပိုင် အနားယူတော့မည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

‘ကျနော် အနားယူမယ့် အကြောင်းကို ဆုံးဖြတ်ရတာ တကယ်တမ်းတော့ မလွယ်ပါဘူး၊ လက်ဝှေ့ ကို ကလေးဘ၀ ကတည်းက ခုံမင် နှစ်သက်ခဲ့တာပါ’ ဟု ဆိုသည်။ မေဝဲသာသည် လက်ရှိ အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီဂစ်တွင် နေထိုင်နေသည်။ လက်ဝှေ့ အားကစားကို ၁၉၉၆ မှ ၂ဝဝ၇ အထိ ကျင်လည်ခဲ့ပြီး ၃၉ ပွဲတွင် အရှုံးနှင့်သရေပွဲ မရှိ အနိုင်ပွဲများဖြင့် စံချိန်တင်ထားသူလည်း ဖြစ်သည်။

ဂျူဗီဒက်အသင်း
ဂျူဗီဒက် အီတလီအသင်း နောက်ခံလူ နီကိုလက်ဂလိုတပ်ဂလီရာ က ၎င်းတို့အသင်း ဖလားရရန် မျှော်လင့်ချက် ရှိသေးသည်ဟု ဆိုသည်။ ကာတာနီယား အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီးနောက် ‘ကျနော်တို့ အသင်းဟာ အင်တာအသင်း နဲ့ ၇ မှတ် ကွာပေမယ့်လည်း၊ ပွဲတွေအများကြီး ကျန်နေသေးတယ် ကျန်ပွဲတွေကို အနိုင်ရလိမ့်မယ် ယုံကြည်ပါတယ်’ လို့ ပြောဆိုသွားသည်။

လာမည့်အပတ် အင်တာအသင်း ပွဲကြပ် အဖြစ် အေစီမီလန်အသင်းနှင့် ကန်ရမည်ဖြစ်သည်။ ထိုအချိန်တွင် ဂျူဗီဒက်အသင်းသည် ဆန်းဒိုးနီးယား နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကာကာ ဒါဘီပွဲတွင် ပါဝင်ရန်မသေချာ
ဘရာဇီး နှင့် အေစီမီလန် ကွင်းလယ်လူ ကာကာ သည် အင်တာမီလန် နှင့် ကန်ရမည့် ဒါဘီပွဲတွင် ပါဝင်ရန် မသေချာသေး ဟု အေစီ အတွင်းလူတဦးက ပြောဆိုလိုက်သည်။

မာရာဒိုနာ

ပြင်သစ် အသင်းဟာ ရယ်စရာကောင်း
အာဂျင်းတီးနားအသင်း နည်းပြဆရာ မာရာဒိုနာ က လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းသည် သူ၏့အမြင်တွင် ရယ်စရာကောင်းသော အသင်းဟု ပြောလိုက်သည်။ မာဆေး ကွင်းတွင် ခြေစမ်းပွဲကို နှစ်ဂိုးအပြတ်နှင့် အနိုင်ရပြီးနောက် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။

လက်ရှိ သြစတြေးလီးယား အိုးပင်း ချန်ပီယံ ပူပူနွေးနွေး ရာဖေးနာဒယ်သည် ဟော်လန်နိုင်ငံ ရိုတာဒမ်မြို့တွင် ကျင်းပသော ABN AMRO World Tennis Tournament ပြိုင်ပွဲ ပထမ အဆင့် ၌ အီတလီနိုင်ငံသား ဆိုင်မွန်နီ ဘိုလီလစ်အား အနိုင်ရခဲ့သည်။

‘သူကတော့ တကယ့်ပြိုင်ဘက် ကစားသမားတယောက်ပဲ၊ ခက်ခက်ခဲခဲ ပြိုင်ပြီးမှ အနိုင်ရခဲ့တာပါ’ ဟု ချီးကျူး ပြောဆိုလိုက်သည်။

ဘက်ခမ်း

LA Galaxy ပြန်သွားမယ့် ဘက်ခမ်း
အေစီမီလန်သို့ အငှားဖြင့်ရောက်လာသော အင်္ဂလန်အသင်း ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဘက်ခမ်းသည် အမေရိကန် ကလပ် အယ်အေ ကလက်ဆီ နှင့် သဘောတူညီချက် ရရှိပြီး အငှားစာချုပ် ကုန်ဆုံးချိန်တွင် ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts