>changes in Chelsea

>

ချယ်လ်ဆီး မန်နေဂျာ အပြောင်းအလဲ
ဝင်းလက်

ဖေဖော်ဝါရီ ၁၁၊ ၂ဝဝ၉


ချယ်လ်ဆီးနည်းပြ စကိုလာရီ ထုတ်ပယ်ခံရ

ဘရာဇီးလူမျိုး နည်းပြ စကိုလာရီ သည် ချယ်လ်ဆီးအသင်းအား ၂၆ပွဲ မြောက် ကိုင်တွယ်ပြီး ထုတ်ပယ်ခံခဲ့ရသည်။ စကိုလာရီသည် ချယ်လ်ဆီးအသင်းအတွက် ရလဒ်ကောင်းများ ရရှိရန် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ‘ဒီမှာ အကြာကြီး ရပ်တည်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာကို ကျွန်တော့စိတ်မကောင်းပါဘူး’ ဟု ထုတ်ပယ်ခံရပြီးနောက် ပြောကြားခဲ့သည်။

ထုတ်ပယ်ခံရသည့်အတွက် လျော်ကြေးငွေ ပေါင်(၁၅)သန်း ဝန်းကျင် ရရှိမည်ဟု ခန်းမှန်း ကြသည်။

စကိုလာရီ

စကိုလာရီ ထုတ်ပယ်မှုအပေါ် ဖာဂူဆန်အံ့သြ
‘စကိုလာရီ ဟာ သိပ်တော်တဲ့ လူပါ၊ ဒါကို ထုတ်ပယ်တယ်ဆိုတော့ အရမ်း အံ့သြမိပါတယ်။ သူဒီမှာ ကြာကြာ ရပ်တည်လိမ့်မယ်လို့ ကျနော် ထင်ထားတာ မှားပြီပေါ့’ ဟု ပြောကြားပါသည်။

ဘရာဇီးနည်းပြ ဒွန်ဂါးက စကိုလာရီကို ထောက်ခံ
စကိုလာရီအား လုံလောက်တဲ့ အချိန်မပေးဘဲ ထုတ်ပယ်လိုက်မှု အပေါ် လက်ရှိ ဘရာဇီးဘော်လုံးအသင်း နည်းပြ ဒွန်ဂါးက ဝေဖန်လိုက်သည်။ ‘သူက နည်းစနစ်နဲ့ အတွေ့ကြုံ အများကြီး ရှိပြီး ကမ္ဘာ့ဖလားကို ရယူပေးခဲ့တဲ့ နည်းပြကောင်း ဆိုတာ သံသယ ဖြစ်စရာအကြောင်း မရှိပါဘူး၊ နည်းပြ တစ်ယောက်ကို ဖိအား ကြီးကြီးပေးပြီး၊ အချိန် အလုံအလောက် မပေးတာက သူ့အတွက် ခက်ခဲတဲ့ အလုပ်ပါ၊ ထုတ်လိုက်တဲ့ အတွက် နောင်တ အကြီးအကျယ် ရပါလိမ့်မယ်’ ဟု ပြောဆိုသွားခဲ့ပါသည်။

ဒတ်ခ်ျလူမျိုး မန်နေဂျာ အသစ်
ချယ်လ်ဆီး ကလပ် အသင်း၏ မန်နေဂျာ အသစ်အဖြစ် ဂပ်စ်ဟင်းဒစ် (Guus Hiddink) ကို ငှားရမ်းလိုက်သည်။ ဟင်းဒစ်သည် ရုရှနိုင်ငံအသင်းတွင် နည်းပြဆရာ လုပ်နေသူဖြစ်သည်။
ဟင်းဒစ်သည် ယခင်ကလည်း ကလပ်အသင်းနှင့် နိုင်ငံအသင်း နှစ်ခုကို တပြိုင်နက် ပူးတွဲ ကိုင်ခဲ့ဖူးသူတဦးဖြစ်သည်။

မန်နေဂျာသစ် ဟင်းဒစ်

ပို့စမောက်နည်းပြလည်း အထုတ်ခံရ
တချိန်တည်းတွင် ပို့စမောက်အသင်း နည်းပြ တိုနီ အဒမ် လည်း ထုတ်ပယ်ခံရသည်။ နည်းပြအသစ် အပူတပြင်း ရှာဖွေ နေသည်ဟု ကြားသိရသည်။

ပို့စမောက် ပိုင်ရှင် အလက်ဇန္ဒားဂေဒမတ်သည် အသင်းကို ရောင်းချရန် ကမ်းလမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အနားပေးခံရသူ တိုနီ အဒမ်


ဝဲကော့မကြာမီ ပြန်လာမည်

အသက် ၁၉ နှစ် အရွယ် အာဆင်နယ်တိုက်စစ်မှုး ဝဲကော့သည် နိုဝင်ဘာလတွင် ပခုံး ဒဏ်ရာ ရခဲ့ပြီး ယခု ဒဏ်ရာမှ သက်သာလာရာ ပြန်ကစားနိုင်တော့မည်ဟု သိရသည်။ ‘ဒီလကုန်ရင် ကျွန်တော်ပြန်လာပါမယ်၊ လေကျင့်ခန်း လုပ်နိုင်ပြီ၊ ကြံခိုင်မှုလည်း ရှိနေပါပြီ’ ဟု ဆိုသည်။

ပြန်လာတော့မည့် ဝဲကော့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts