Uncategorized

News and Media

ရွှတွံတေးဆရာတော် မျိုးစောင့်ဥပဒေအရေး မဟာချိုင်ဆွေးနွေးပွဲကျင်းပ
မိုးမခအထောက်တော်
ဇူလိုင် ၁၃၊ ၂၀၁၃

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင် ဆရာတော်- ရွှေတွံတေးဆရာတော်နှင့် ဒကာ ဒကာမများ စိတ်ပါဝင်စား သူများ ၇-၇-၂၀၁၃နေ့ က ထိုင်းနိုင်ငံ မဟာချိုင်တွင် မျိုးစောင့်ဥပဒေအရေးဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး-မပြဋ္ဌာန်းရေး ပြန်လှန်ဆွေးနွေးကြသည်။

ဆန့် ကျင်ဘက်အသံများနှင့်ပတ်သက်၍လည်းသုံးသပ်ကြသည်။ ထောက်ခံလက်မှတ်ထိုးခြင်း အတွက်လည်းတင်ပြကြသည်။ ထို့ ပြင် ဘာ သာပေါင်းစုံ ညီညွတ်ရေး- ဘာသာရေး အသိပညာမြှင့်တင်ရေး-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို လည်း ဝိုင်းဝန်းအကြံပြုခဲ့ကြသည်။ ရွှေတွံတေးဆရာတော်က……အခုလို အမျိုးဘာသာ သာသနာအတွက် စိတ်ဝင်တစားရှိကြတာ အားရပါ တယ်။ စုစုစည်းစည်းနဲ့  ညီညီညွတ်ညွတ်ဆောင်ရွက် သွားကြစေချင်တယ်။ ဆန့် ကျင်ဘက်အန္တရာယ်ကိုလည်း သတိထားရမယ်။ မျက်စိဖွင့် နားစွင့်ပြီး နိုးကြားတက်ကြွနေ မှရမယ်။ ဘုန်းကြီးတို့ က နောက်ကျနေတာဆိုတော့ ၄-၅-ဆကြိုးစားမှ အဆင်ပြေမယ်-နည်းပညာနဲ့ နည်းစနစ်တွေဝိုင်းဝန်းပ့ပိုးဆောင်ရွက်ပေးကြဖို့  တိုက်တွန်းပါတယ်………စသဖြင့်ပြောကြားခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts