>Ko Ko Aung (San Francisco), Remembering Tin Moe after 2 year

>

ကဗျာချိုး ဆေးလိပ်ချိုး ဆရာမိုး

ကိုကိုအောင် (ဆန်ဖရန်စစ္စကို)

ဇန်န၀ါရီ ၂၂၊ ၂၀၀၉

ဆေးလိပ် သောက်တာ မကျန်းမာ

ရွံလည်း ရွံစရာ

ငွေကုန် သံပြာ ချောင်းတွေဆိုး

သောက်ဟဲ့ သေခြင်းဆိုး

တင်မိုး … တင်မိုး …


ဤကား ဆရာတင်မိုးရေးခဲ့သည့် ကဗျာ



နောင်လာနောင်သား မှတ်စေဖို့

စေတနာထားပြီး သူ မှာသဗျို့

သူအဖို့တော့ ဆေးလိပ်စွဲ

မိုက်လက်စနဲ့ မိုက်မှာပဲ တဲ့။


ပြောမယုံ ကြုံမှသိ

မယုံမရှိနဲ့ ကိုယ်တွေ့ တဲ့

သေတဲ့အထိ ဆေးလိပ်ညှိ

သောက်ဘိ သောက်၏။


ဆရာတင်မိုး ကွယ်လွန်ခြင်း၂ နှစ်မြောက် အလွမ်းပြေ

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဝ၁-၂၁-၂ဝဝ၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts