>Tint Lwin – Let’s type in Burmese on Computer

>

ကွန်ပျူတာမှာ မြန်မာစာရိုက်ကြစို့

တင့်လွင်

ဇန်န၀ါရီ ၁၉၊ ၂၀၀၉



ယနေ့ကာလ အင်တာနက်သုံးသူ အီးမေးလ် သုံးသူမြန်မာများ အတွက် မြန်မာဖောင့် မရိုက်တတ်ရင် ဂျီတော့ခ်နဲ့ ချက်တင် ဆက်သွယ်ရာမှာပဲ ဖြစ်ဖြစ်၊ မိသားစုကို စာပို့လိုရာမှာ ဖြစ်ဖြစ် အခက်အခဲ ရှိပါတယ်။ မိမိက အင်္ဂလိပ်လို ရေးတတ်နေစေဦးတော့ လက်ခံမယ့် တဖက်သားက မရင်းနှီးသူ ဖြစ်နေရင် မြန်မာလိုရိုက်တတ်တာက အတော်လေး အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်နဲ့ ဂျီတော့ခ် ကနေ စကားပြောတယ်ဆိုဦးတော့ မြန်မာဘက်က လိုင်းနှေးပြီး အသံမကြားတဲ့အခါ မြန်မာလို စာရိုက်တတ်ရင် အလုပ်ဖြစ်ပါတယ်။

ဂျီတော့ခ်မှာတော့ ဇော်ဂျီဖောင့်ကိုပဲ သုံးကြပါတယ်။

အင်္ဂလိပ်လို ရိုက်တတ်ပြီး မြန်မာစာ မြန်မာဖောင့် မရိုက်တတ်သေးသူများအတွက် လေ့ကျင့်စရာ မြန်မာစာဖိုင်တခု ပြုစုထားပြီးသား လွယ်လွယ်ကူကူ ရှိပါတယ်။ မြန်မာလို ဘယ်ကနေ စရိုက်ရမလဲ ဆိုတာ မသိသေးရင် ယခု စာပိုဒ်ကို နှစ်ခေါက် သုံးခေါက် ရိုက်ပြီးရင် မြန်မာလို ရိုက်နိုင်သွားမယ်လို့ မျှော်လင့်ပါတယ်။

နို့မဟုတ်ဘဲ မြန်မာဘာသာနဲ့ ရေးထားတဲ့သတင်း၊ ၀တ္ထုနဲ အခြားစာပိုဒ်တွေကို ကြည့်ပြီး ရိုက်ကျင့်မယ် ဆိုရင် ပါဝင်တဲ့ဗျည်းတွေ၊ သရတွေဟာ လွယ်ရာမှ ခက်ရာသို့ စီစဉ်ထားတာမဟုတ်ခြင်းကြောင့် ခရီးမတွင်တာမျိုး မရိုက်ဖြစ်တော့တဲ့ အဖြစ်မျိုးနဲ့ ကြုံရတတ်ပါတယ်။

ယခု စာပိုဒ်ဟာ ၀င်းအင်းဝဖောင့်အုပ်စုနဲ့ ရေးထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စာစီစာရိုက်ရာမှာ အများဆုံးသုံးတဲ့ ဖောင့်ဖြစ်ပါတယ်။ အင်တာနက်ဝက်ဆိုက်တွေမှာတော့ ဇော်ဂျီဖောင့်ကို အများဆုံး သုံးကြပါတယ်။ ၀င်းအင်းဝဖောင့်နဲ့ ကျင့်ပြီးနောက် ဇော်ဂျီဖောင့်ကို ပြောင်းရိုက်တဲ့အခါမှာ မည်သည့် အခက်အခဲမျှ မရှိဘဲ လွယ်လွယ်ကူကူနဲ့ ပြောင်းလဲ ရိုက်နိုင်ပါတယ်။

ဝင်းအင်းဝမှာ ပါဌ်ဆင့်တွေကို alt ကီးနှိပ်ပြီး နံပါတ်နဲ့ ရိုက်ရပေမယ့် ဇော်ဂျီမှာတော့ ကွန်ထရိုးနဲ့ အယ်လ်တာကီး သို့မဟုတ် ဇော်ဂျီကီး ကိုနှိပ်ပြီး ခ ခွေး ပါဌ်ဆင့်ကို စီကီး အောက်မှာ ဘကုန်း ပါဌ်ဆင့်ကို ဘီ ကီးအောက်မှာ ရိုက်ရလို့ ပိုလွယ်ပါတယ်။

မြန်မာလိုသာမက အင်္ဂလိပ်လိုပါ မရိုက်တတ်သေးသူများအဖို့တော့ အင်္ဂလိပ်ဖောင့်နဲ့ type ရိုက်တာကို ရှေးဦးစွာ လေ့ကျင့်တာက ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်ဖောင့်လေ့ကျင့်ဖို့ အတွက် typing tutor လို၊ Marvels Beacon လို ဆော့ဝဲတွေ ရှိလို့ပါပဲ။ အဆိုပါ ဆော့ဝဲနဲ့ အင်္ဂလိပ်လို လက်ကွက်ရိုက်မှန်ပြီးတဲ့ နောက်မှာ မြန်မာဖောင့်ကို လေ့ကျင့်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

(မြန်မာစာကို Microsoft word ရိုက်တဲ့အခါမှာ Menu ရဲ့ tool ကနေ Auto correction ထဲက အလိုအလျောက် capital letter ပြောင်းတဲ့ အကွက်တွေ အားလုံးနီးပါးကို uncheck လုပ်ထားရပါမယ်။ )

မြန်မာစာရိုက်လေ့ကျင့်မယ့် ၀ဒ်ဖိုင်ကို ဒီလင့်မှာ ရယူပါ။ ၀ဒ်ဖိုင်မှာ မြန်မာစာ မပေါ်ရင် သင့်ကွန်ပျုတာမှာ ထို ဖောင့်စာလုံးကို အင်တာနက်မှာ ရယူပါ။ ဒါက ၀င်းအင်းဝနဲ့ စာရိုက်ရန်။ဒါက ဇော်ဂျီနဲ့ စာရိုက်ရန်။ ဒီမှာက ၀င်းအင်းဝ လက်ကွက်။ ဟောဒီမှာက ဇော်ဂျီစာလုံး လက်ကွက်။ ရယူနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts