>
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၉၊ ၂၀၀၉ ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့ အဓိပတိလမ်း အ၀င်ဝ ဆိုင်းဘုတ်ဖြစ်ပါတယ်။ တက္ကသိုလ် စိန်ရတု (၁၉၉၅) က မွမ်းမံထားခဲ့တဲ့ ဒီဆိုင်းဘုတ်ဟာ အခုဆို စာလုံးများ ကွာကျမတတ်ဖြစ်နေပါပြီ။ အဓိပတိလမ်းမပေါ်မှ ပါမောက္ခတွေနေတဲ့ အိမ်တွေဖြစ်ပါတယ်။
နာဂစ်ကြောင့်အမိုးတွေ ပျက်စီးနေတာ ပြန်မပြင်နိုင်ရှာသေးဘူး။ ကျောင်းသားတွေ နေထိုင်ခဲ့ဖူးတဲ့ အဆောင်တဆောင်ရဲ့ ပျက်စီးနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ သစ်ပင်ကြီးက ပြိုလဲပြီး၊ အမိုးတွေကလည်း ပေါက်ပြဲနေပါတယ်။ အဓိပတိလမ်းမပေါ်ကပါပဲ။ ကျောင်းသားအဆောင်တွေရှေ့က ခြံစည်းရိုး။ အဓိပတိလမ်းမဘေးက ကြေမွနေတဲ့ ပလက်ဖောင်း။ ၀ါးလုံးတိုင်နဲ့ ကျားကန်ထားရတဲ့ ခြံစည်းရိုး။ ခြံစည်းရိုးတွေရဲ့ အနီးကပ်ပုံ။ တက္ကသိုလ်များ စာကြည့်တိုက်ရှေ့က နှစ်ခုပေါင်းမှ အင်္ဂါစုံမယ့် ခုံတန်းလေးနှစ်ခုက မျက်နှာချင်းဆိုင်နေတယ်။ တခုက ကျောမှီ မရှိတော့ဘူး။ တခုက ထိုင်စရာ မရှိတော့ဘူး။ ဒါရော နာဂစ်ကြောင့်ပဲလား။ ဒါကတော့ သစ်ပင်ငုတ်တိုလေး တခုရဲ့ နောက်က တက္ကသိုလ် စာကြည့်တိုက်မြင်ကွင်း။ အပန်းဖြေရိပ်သာ (RC) ရဲ့ အမိုးကတော့ တပြောင်ပြောင် ဖြစ်သွားပါပြီ။ သစ်ပုပ်ပင်အနီး အဓိပတိလမ်းမဘေးမြင်ကွင်း။ အုတ်တိုင်တွေပြိုကျသွားလို့ သစ်သားတိုင်တွေနဲ့ အစားထိုးထားတဲ့ ခြံစည်းရိုး။ ဘွဲ့နှင်းသဘင်ခန်းမကို သိပ္ပံဆောင်ရှေ့ကနေ လှမ်းမြင်ရပုံ။ ဒါကတော့ အဓိပတိလမ်းမတည့်တည့်က နေ လှမ်းမြင်နေရတဲ့ ခန့်ထည်နေဆဲ ဘွဲ့နှင်းသဘင်။ ပိတ်လှောင်ထားတဲ့ ခြံစည်းရိုးထဲက ထိုးထွက်ခက်ဖြာနေတဲ့ သစ်ပုပ်ပင်ကြီး။ ရွှေဘိုဆောင်နောက်ဘက်ကနေ RC ထဲကို ၀င်တဲ့ လမ်းကြားလေး။ အမိုးတွေ ပေါက်ပြဲနေတယ်။
အတွင်းပိုင်းမြင်ကွင်း။ ဂျပ်ဆင်ကြီးက ထီးထီးမားမား ရပ်နေဆဲပါ။ ဂျပ်ဆင်ရှေ့က ဆိုင်းဘုတ်ပြာရယ်.. သစ်ကိုင်းလေးနဲ့ ထောက်ထားရတယ်။ ခြုံနွယ်ပိတ်ပေါင်းကြားက သီရိဆောင်။ ကျက်သရေ ပြည့်ဝနေသေးရဲ့လား။ ရွှေဘိုဆောင်နဲ့ ဒဂုံဆောင်တို့ကြားက ပေါင်းကူးနေရာလေး။ အဲဒီပေါင်းကူးဘေးက တောင်ငူဆောင်ဘက် သွားတဲ့လမ်းမှာ အတုံးအရုံး ကျဆုံးနေတာ ဘာတွေပါလိမ့်။ အရိုးကျဲကျဲနဲ့ အမိုးပြဲနေသော ဒဂုံဆောင်။ တောင်ငူဆောင်ရဲ့ ရှေ့တည့်တည့် မြင်ကွင်း။ တောင်ငူဆောင်ရှေ့မှာ ရေကန်တခု အသစ်လုပ်ထားတယ်။ ဘေးမှာ ခုံတန်းနဲ့ဘာနဲ့။ ရေကူးကန်တော့ မဟုတ်တာ သေချာတယ်။ ဝေသာလီဆောင်ရှေ့မှာတော့ ရှေးခေတ်သံပိုက်လုံးကို ဖြုတ်ထားတယ်။ ပလတ်စတစ်ပိုက်နဲ့ အစားထိုးမယ်။