>ORatha – Remembering Guru

>

ဂုရုရေ … အမေရဲ့ ဘီဒိုလေးထဲမှာ မင်းတို့မောင်နှမတွေ ရှိတယ်

သြရသ

ဇန်န၀ါရီ ၁၉၊ ၂၀၀၉

ဂုရုရေ …

မင်းဆုံးသွားပြီး ၂ လလည်တော့မှ မင်း အဖေနဲ့ အမေတို့ဆီ ရောက်ဖြစ်တယ်။

ရဲဘော်တွေ မိတ်ဆွေတွေဆိုတာ မြို့မှာရော တောမှာပါ ကျောချင်းကပ်နေကြရတော့ မနှုတ်ဆက်ဖြစ်ဘူး။ အားပေးစကား မပြောဖြစ်ဘူး။

တခါတလေ မိတ်ဆွေတွေရဲ့ သားသမီးတွေ အဖေအမေတွေ ကျဆုံးသွားတာတောင်မှ ၈ စက္ကန့်ငြိမ်ခွင့်တောင် မရတဲ့အထိ ငါတို့က ဆင်းရဲတယ်။ သားချင်းတွေကလည်း အားမာန်တွေ တင်းပြီး တိုက်ပွဲထဲ ဆက်ချီတက်ရတာပဲ။

မိဘတွေ ကိုယ်တိုင်က သားတွေ သမီးတွေအတွက် လျို့ဝှက်စွာ ၀မ်းနည်းကြ နှုတ်ဆက်ကြရတဲ့ ကာလတွေပဲ။

မင်းတို့ မောင်နှမ ၃ ယောက် ဓာတ်ပုံက မင်းအမေ ဘီဒီုတခါးအတွင်းထဲမှာ ခုချိန်အထိ ရှိနေတယ်။

မင်းရဲ့ တော်လှန်ရေးခရီးထဲက ပြုံးနေတဲ့မျက်နှာကလည်း အိမ်တံခါးချပ်အတွင်းမှာ ရှိနေတယ်။

ငါတို့ အပြင်ပန်းမှာတော့ တိုက်ပွဲထဲက ဒဏ်ရာ ဒဏ်ချက် အကျအဆုံးတွေကြောင့် ကြမ်းတမ်း ခက်ထန်လို့ …

ငါတို့ အတွင်းမှာ၊ ရင်ထဲမှာတော့ မင်းအမေလိုပါပဲ …

(photos – Guru’s photos at his parents’ home in Rangoon)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts