>Burmese Journal Digest – 15th Jan 2009

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဇန္န၀ၝရီ ၁၅၊ ၂၀၀၉

ထက်ထက်ဦးဝေ ငွေပေးမည်ဟု စည်းရုံးထားလို့ လူငယ်များက စတန့်ထွင်လမ်းလျောက်။ ၂၀၀၈ ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၁ သိန်း ခွဲ ပို့မည်။ ပျဉ်းမနားမြို့မဈေးကို ဖျက်ပြီး နေပြည်တော်တွင် ဆိုင် ၁ ခန်း သိန်း ၁၀၀ တန် ပေးရမည့် ရှော့ပင့်းမောကြီး ဆောက်မည်။

၅ နှစ်အောက် ကလေး ၇ သန်း ကျော် ပိုလီယိုဆေး တိုက်ပေးပြီး။ ပြည့်တန်ဆာအမှုများကို မန္တလေးရဲအဖွဲ့က အရေးယူမည်၊ တိုင်ကြားပါ။ နေပြည်တော် ယာဉ်တိုက်မှုကင်းစင်မြို့တော် ဖြစ်ရမည်။ မြန်မာပြည်က မှတ်ပုံတင်ယာဉ်များတွင် ၈၀ ရာခိုင်နှုန်းသည် ဆိုက်ကယ်၊ မုံရွာတမြို့တည်းမှာ ဆိုင်ကယ် ၁၆ သိန်းဖြင့် အများဆုံးဖြစ်ကြောင်း။

ရန်ကုန်တိုင်း ဧက ၈ ထောင်ကျော်ကို ပြည်ပနိုင်ငံက လယ်ယာလုပ်ကိုင်မည်။ ၆၀ ကျော်မှ နိုင်ငံကူးလက်မှတ်လိုသူများ အိမ်တိုင်ရာရောက် လုပ်ပေးမည်။ အိမ်တိုင်ရာရောက် မိတ်ကပ်လိမ်း၊ အလှပြင်နှင့် ဆံပင်ညှပ်လုပ်ငန်းများ ရှိနေပြီ၊ အနည်းဆုံး ကျပ် ၁ သိန်းနှင့် အထက်။

ကြေးချောင်းနှင့် ရုပ်သံလိုင်း ဖမ်းကြည့်နိုင်ပြီ။ လှိုင်သာယာ စက်မှုဇုန်တွင် ၁ နေ့ ၉ နာရီ မီးပေးဝေ။ ဖတ်ပါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts