Maung Swan Yi Poems

Maung Swan Yi – Wedding Poem for Nay Tin Myint, Cherry Suu

မင်္ဂလာသြဘာစာရတု
မောင်စွမ်းရည်၊ ဇူလိုင် ၁၆၊ ၂၀၁၃

ရှေးသရောအခါ ပြည်မြန်မာဝယ်

ဂငယ်သုံးခု ဥသျှစ်တုဟု

အံတုတွန်းလှန် မင်းဆိုးရန်ကို

တော်လှန်ပွဲလျင် ရာဇ၀င်၌

စာတင်ခဲ့ရာ စဉ်အလာသို့

ခုခါခေတ်ဝယ် “ဂငယ်လေးခု ခွေးခေါင်းထု” သို့

အံထုဟစ်ကြွေး “ဒီမိုကရေစီရေး ချက်ချင်းပေးလော့”

အရေးဆိုရာ ရှေ့တန်းပါသူ

“နေ” လိုပူ၍ ရန်သူစစ်သား

စစ်ဗိုလ်များကို ဟန့်တားလောင်မြိုက်

တိုက်ခိုက်သည့် “နေ” ပြည်သူတွေကို

အခြေ “တင်မြင့်” မြှင့်ချင်သူလျင်

မူရာတင့်တယ် လှမျိုးကြွယ်သည့်

နွေဝယ်အဦး နှစ်အကူး၌

အထူးပွင့်ဆန်း “ချယ်ရီ”ပန်းဟု

လှမျိုး “စု”သည့် တုလွှတ်မေတ္တာ

ချောကလျာနှင့် သြဘာညွှန်းလျှက်

ဂဟေဆက်ကြ ရွှေမြရတနာ

နေလပမာသို့ တယ့်တယ်စွာတည့်

သဟာရဲဘော် တူပျော်ပျော်နှင့်

ညွှန်းဖော်ဆုတောင်း မေတ္တာလောင်းသည်

ကားပေါင်း တရာ ဌေးစေသော်

သားပေါင်း တရာ မွေးစေသော်

(စီကုံးရေးဖွဲ့ မေတ္တာပွားသူ အညာမန်းက ဆရာစွမ်းရည်) ၆ ဇူလိုင်၊ ၂၀၁၃

(ကိုနေတင်မြင့်၊ မချယ်ရီစုတို့ မင်္ဂလာမောင်နှံအတွက် ရေးသားလက်ဖွဲ့ ကဗျာစာရတုကို မိုးမခက ပြန်လည် တင်ဆက်လိုက်ပါတယ်။ ၈၈ အရေးတော်ပုံ ရဲဘော်တဦးဖြစ်တဲ့ ကိုနေတင်မြင့် “အိမ်မပိုင်လည်း ဂေါ်လီဆက်လုပ်နိုင်စေ” လို့ မင်္ဂလာဆုတောင်းပေးလိုက်ပါတယ် …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts