>Bamaw Tin Aung by Aung Way

>

ဗန်းမော်တင်အောင်
အောင်ဝေး
နိုဝင်ဘာ ၈၊ ၂၀၀၈


ညမှာထွန်းတဲ့
မော်ကွန်းတစောင် – –
အမှောင်ခွင်း၍ အလင်းဆောင်။

ပင်လယ်ရိုင်း
မုန်တိုင်းထဲ
မယိုင်လဲတဲ့ကျောက်ဆောင်။

နရသိန်စစ်စစ်ညများ
ကုန်လွန်သွားသော်
တနေ့သော် – – ။

“ဗန်းမော်တင်အောင်”
အလင်းရောင်သည်
တောင်ထိပ်ပေါ်မှာ ထွန်းလိမ့်မည်။ ။

(မူရင်း – ချယ်ရီမဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts