>Ohn Myint poem 02

>

မြွေ
အုန်းမြင့်
နိုဝင်ဘာ ၆၊ ၂၀၀၈


အဲဒီမြွေဟာ
ငါ့ကို
ဟိရိသြတ္တပ္ပမျက်လုံး
တပ်ဆင်ပေးခဲ့တယ်
အဲဒီမြွေဟာ
ငါ့ကို
ခါးစည်းဝတ်ပေးခဲ့တယ်
ကောက်ပဲသီးနှံ ဖြစ်ထွန်းစေခဲ့တယ်
ငါ့မယားကို
သမိုင်းမျိုး ကြဲပက်စေခဲ့တယ်
ဂျိမ်းစတက်ဖန်ကတဆင့်
“တူရွင်းတလက်
ဓားတချောင်းနဲ့
ဦးနှောက်တခု”
**
ပေးပို့ခဲ့တယ်
ငါ့ကို
တိရိစ္ဆာနဗေဒနဲ့ အာကာသသျှတ္တရကျမ်းဆူ
လက်ဆောင်ပေးခဲ့တယ်
အဲဒီမြွေဟာ
တနေ့သောအခါ
တိရိစ္ဆာန်တကောင်ဖြစ်လာပြီး ကမ္ဘာကိုပိုင်စိုးဖို့
ငါ့လည်ချောင်းထဲ
အဆိပ်အိမ် တည်ဆောက်ပေးခဲ့တယ်။ ။

** A sword, a spade and a thought should never be allowed to rust. (James Stephen)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts