>Remembering U Htain Linn ( Bo Ta Thaung) – 4 Years

>

ဦးထိန်လင်း(ဗိုလ်တထောင်) ကွယ်လွန်ခြင်း ၄ နှစ် ဆွမ်းကျွေး

နိုဝင်ဘာ ၄ က ပြုလုပ်၊ မိတ်ဆွေ စာနယ်ဇင်းသမားများ တက်ရောက်ကြ

မိုးမခ ဓာတ်ပုံသတင်း

နိုဝင်ဘာ ၆၊ ၂၀၀၈

မျက်စိ ခွဲစိတ်ထားသော ဟံသာဝတီ ဦးဝင်းတင်အပါအ၀င် ခေတ်ပြိုင်နှင့် မျိုးဆက်သစ် နိုင်ငံရေး၊ စာပေနှင့် စာနယ်ဇင်း မိတ်ဆွေများ၊ မိသားစုများ တက်ရောက်ကြသည်ကို တွေ့ရသည်။

စစ်အုပ်စုကို အညံ့မခံဘဲ ကွယ်လွန်သည်အထိ တရားမျှတမှုနှင့် အမှန်တရားဘက်က ရပ်တည်သူ သတင်းစာသမားကြီးအဖြစ် လူအများက လေးစားချစ်ခင်သူဖြစ်သည်။ သူပြောခဲ့သည့် စကားတခုကို ကိုးကားဖော်ပြလိုက်ပါသည်။

“ခုလို နိုင်ငံရေးစကားတွေပြောနေတာဟာ … မျက်စိကန်း တစ္ဆေမကြောက် ပြောနေတာ မဟုတ်ဘူး။ မျက်စိလည်းကောင်းတယ်၊ တစ္ဆေက ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာလည်း သိတယ်။ ဒါပေမဲ့ သတင်းစာသမား တယောက်အနေနဲ့၊ ပြီးတော့ နိုင်ငံရေးသမားတယောက်အနေနဲ့ ပြောသင့် ပြောထိုက်တာကို ပြောရမယ်လို့ ယုံကြည်တဲ့အတိုင်း ပြောနေတာ။”

ဦးထိန်လင်း (ဗိုလ်တစ်ထောင်)

(http://laminkhin.blogspot.com/2008/09/blog-post_21.html )


ဓာတ်ပုံ – မိုးမခ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts