>9th Annual Burmese Literary to host as planned

>“tar b,fawmhrS rao

ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲတွင်

မြန်မာလူငယ်များက နံရံကပ်စာစောင်တင်ဆက်မည်

မိုးမခ အထောက်တော် ၀၀၂

နိုဝင်ဘာ ၅၊ ၂၀၀၈

လာမည့် နိုဝင်ဘာ ၈၊ စနေနေ့တွင် ဆန်ဖရန် ဘေးဧရိယာ ၉ ကြိမ်မြောက် စာပေဟောပြောပွဲကို မြန်မာမိသားစုများက ၀ိုင်းဝန်းကျင်းပကြမည် ဖြစ်သည်။ ၀ိုင်းဝန်း ကမကထပြုကြသည့် စုပေါင်းအလှူရှင်များ၊ စေတနာရှင်များကြောင့် ဧည့်သည်စာရေးဆရာ ၄ ဦး (ဒါရိုက်တာ ၀င်းဖေ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေး၊ အောင်ဝေး) နှင့် အိမ်ခံ စာရေးဆရာ ၁ ဦး (ဉာဏ်ဦးမောင်) တို့နှင့် စည်စည်ကားကား ပြုလုပ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘေးဧရိယာရှိ မြန်မာလူငယ်များ စုပေါင်းသည့် နံရံကပ်စာစောင်ပြပွဲ တခုကို ရွှေပွဲလာပရိသတ်များအတွက် တင်ဆက်ရန် စီစဉ်နေသည်ဟု သိရသည်။ ဟောပြောပွဲလာ စာရေးဆရာ အနုပညာရှင်များ၊ ကွယ်လွန်သူ ဆရာကြီး၊ ဆရာမကြီးများ၏ ကိုယ်ရေးအကျဉ်း၊ စာပေလေက်ရာ ကောက်နုတ်ချက်တို့ ပါဝင်မည်ဟု ဆိုသည်။

စာရေးဆရာ ၅ ဦးဖြင့် ကျင်းပသော ထူးခြားသည့် စာပေဟောပြောပွဲ ဖြစ်သဖြင့် အခမ်းအနားကို သတ်မှတ်ချိန် ၄ နာရီတွင် စတင်နိုင်ရန်၊ ညစာ ဧည့်ခံချိန်ကိုလည်း အတိအကျ အချိန်သတ်မှတ်ရန်၊ အစီအစဉ်နိဂုံးတွင် စာဖတ်သူတို့၏ အမေး၊ စာရေးသူတို့ အဖြေ ကဏ္ဍကိုလည်း ပြုလုပ်ပေးနိုင်ရန် စသည်တို့ကို ၀ိုင်းဝန်းတိုင်ပင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမခ စာနယ်ဇင်းအဖွဲ့က ၎င်းတို့ အတိုင်ပင်ခံ ပင်တိုင်စာရေးဆရာကြီးများ စုံညီသည့် အခွင့်ကောင်းကိုယူပြီး မိုးမခ ၅ နှစ် – မိတ်ဆုံပွဲတခုကို နိုဝင်ဘာ ၉၊ တနင်္ဂနွေနေ့တွင် ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။ မိုးမခက ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုထုတ်ဝေမည့် ၎င်း၏ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးများ စာအုပ်ကိုလည်း ထိုရက်များတွင် အမှတ်တရ ဖြန့်ချိနိုင်ရန် ကြိုးစားလျက်ရှိသည်။ အဆိုပါစာအုပ်တွင် ၀ိုင်းဝန်းရေးသားကြသူ ဟောပြောပွဲလာ စာရေးဆရာကြီးများ၏ လက်မှတ်ဖြင့် အမှတ်တရ ၀ယ်ယူသိမ်းဆည်းနိုင်မည့် အခွင့်အရေးလည်း ရရှိမည် ဖြစ်သည်။

http://moemaka2008.blogspot.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts