>Khin Pan Hnin supports Saw Wai

>

စာရေးဆရာမ ခင်ပန်နှင်း ကဗျာဆရာစောဝေဘက်မှ သက်သေထွက်ဆို
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၃၊ ၂၀၀၈

ကဗျာဆရာစောဝေဘက်မှ သက်သေလိုက်ပေးနေသော စာရေးဆရာမ ခင်ပန်နှင်း (ဒေါက်တာဒေါ်ခင်မြင့်ဦး)။
မိတ်ဆွေတဦးဖြစ်သောကြောင့် တရားရုံးတက်ပြီး သက်သေလိုက်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သည့် ၉ လက ဖမ်းဆီးခံခဲ့ရသော ကဗျာဆရာစောဝေသည် ယခုအခါ အင်းစိန်အကျဉ်းထောင်ဆေးရုံတွင် ရောက်ရှိနေပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်။ ၅၀၅(ခ)သည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။ လာမည့်လဆန်းတွင် စီရင်ချက်ချမည်ဟု ကဗျာဆရာ၏ရှေ့နေဖြစ်သူက အာအက်ဖ်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကိုစောဝေဖွဲ့ဆိုခဲ့သည့် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ကဗျာကြောင့် အများပြည်သူထိတ်လန့်နိုင်သည်ဟု အာဏာပိုင်များက စွပ်စွဲထားသည်။ (ဓာတ်ပုံ စာဖတ်သူဂျာနယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts