>Washington Mutual closed, JPMorgan buys for 1.9 bln

>

ဝါရှင်တန်မြူချွယ်ဘဏ် (Washington Mutual Bank) ကျရှုံးသွားပြန်
နယူးယောက်တိုင်းမ်

စက်တင်ဘာ ၂၆၊ ၂၀၀၈

အမေရိကန်အစိုးရက အရှူံးနှင့်ရင်ဆိုင်နေရသော ၀ါရှင်တန်မြူချွယ်ဘဏ် Washington Mutual Bank (အတိုခေါ် ၀ါမူ WaMu) ကို ကြာသပတေးနေ့၌ သိမ်းလိုက်ပြီး ဂျေပီမော်ဂင်ချေ့ (JPMorgan Chase) ထံသို့ ဒေါ်လာ ၁.၉ ဘီလီယံနှင့် ရောင်းလိုက်သည်။ အမေရိကန်သမိုင်းတွင် ဘဏ်လုပ်ငန်းနှင့် ပတ်သက်ပြီး အကြီးဆုံးသော ကျရှူံးမှုဖြစ်သည်။ ဇူလိုင်လအတွင်း အမေရိကန်အစိုးရက သိမ်းယူခဲ့သော အင်ဒီမက်ကုမ္ပဏီ(IndyMac)သည် ၀ါမူ၏ ဆယ်ပုံတစ်ပုံသာရှိသည်။
ထိုသတင်းသည် အခက်အခဲဖြစ်နေသော ဘဏ်များ၊ ကုမ္ပဏီများကို ကယ်တင်ရန် အမေရိကန်အစိုးရ၏ ဒေါ်လာ ၇၀၀ ဘီလီယံ အစီအစဉ် မတိုးသာမဆုတ်သာ ဖြစ်နေသော အခြေအနေအတွင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော ခြောက်လက Bear Stearns ကို ၀ယ်ယူခဲ့သော ဂျေပီမော်ဂင်ချေ့ သည် ၀ါမူ၏ ဘဏ်ခွဲများအားလုံးကို သောကြာနေ့မှစ၍ တာဝန်ယူလုပ်ကိုင်သွားမည်ဖြစ်ပြီး သူ၏ ပြိုင်ဘက်မှာ အမေရိကန်ဘဏ် (Bank of America) တစ်ခုတည်းသာ ကျန်ရှိနေသည်။ ထို့အပြင် ဂျေပီမော်ဂင်က စုစုပေါင်းဘဏ်ခွဲ ၅၄၀၀ ၏ ၁၀ ရာနှူန်းခန့်ကိုလည်း လျော့ချသွားရန် စီစဉ်ထားသည်။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်မှစ၍ အမေရိကန်ဘဏ္ဍာရေးဌာနက လက်ရှိ အိမ်မြေဈေးကွက် ပြဿနာကြောင့် အခက်အခဲဖြစ်နေသော ၀ါမူ၏ရှေ့ရေးအတွက် စိုးရိမ်ကာ ၀ါမူကိုရောင်းချရန် ဖိအားပေးခဲ့သည်။ အစပိုင်းတွင် ၀ါမူက ၎င်းတို့၏ဘဏ်သည် အခြေအနေ ကောင်းမွန်နေကြောင်း ထုတ်ဖော်ခဲ့သော်လည်း လွန်ခဲ့သော နှစ်ပတ်က Goldman Sachs ကုမ္ပဏီကို တိတ်တဆိတ် ငှားရမ်းကာ ၀ါမူကိုဝယ်မည့်ကုမ္ပဏီကို ရှာဖွေစေခဲ့သည်။ သို့သော်လည်း ၀ယ်မည့်သူ တစ်ဦးမှ ပေါ်မလာခဲ့ပေ။
ပြီးခဲ့သည့်အပတ်က လာမန်ဘရားသားကုမ္ပဏီ (Lehman Brothers) ပြုတ်သွားသည့် သတင်းကြောင့် လူအများစိုးရိမ်ကာ ၀ါမူဘဏ်၌စုထားသော ငွေများကို စက်တင်ဘာ ၁၆ ရက်မှ စတင်ထုတ်ယူခဲ့သည်။ ထုတ်ငွေပေါင်း ဒေါ်လာ ၁၆.ရ ဘီလီယံ အထိရှိခဲ့သည်။ ထို့ကြောင့် အမေရိကန်အစိုးရက ကြားဝင်ကာ ၀ါမူကိုဝယ်ယူလိုသည့် ကုမ္ပဏီလေးခုမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပြီး ကြာသပတေးမနက်တွင် ဂျေပီမော်ဂင်ချေ့၏ အကြီးအကဲ ဂျိမ်းစ်ဒီမွန် (James Dimon) အား ၀ါမူကိုရောင်းပေးမည်ဟု အကြောင်းကြားလိုက်ခြင်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts