>Maung Swan Yi send his regards to U Win Tin – MoeMaKa

>

ဦးဝင်းတင် လွတ်မြောက်လာသည့်အတွက် မောင်စွမ်းရည်က ၀မ်းသာကြောင်း စကားအမှာပါး

မိုးမခ

စက်တင်ဘာ ၂၃၊ ၂၀၀၈

စစ်အစိုးရက မတရားဖမ်းဆီးထားသော စာနယ်ဇင်းဆရာကြီး ဦးဝင်းတင် လွတ်မြောက်လာသည့်အတွက် ၀မ်းမြောက်ကြောင်း အမေရိကန်ပြည်ရောက် မိတ်ဆွေကြီး မောင်စွမ်းရည်က ထုတ်ဖော်ပြောကြားသည်။ မိုးမခစာမျက်နှာက တဆင့် ဆရာကြီး ဦးဝင်းတင်သို့ အမှတ်တရ စကား အမှာပါးလိုပါက မည်သို့ ပြောမည်ကို မေးမြန်းရာ မောင်စွမ်းရည်က ယခုကဲ့သို့ ပြောကြားသည်။

“တို့မိတ်ဆွေကြီး၊ တို့ရဲဘော်ကြီး၊ နိုင်ငံရေးသူရဲကောင်းကြီး လွတ်လာတာကို ကြားရတော့ ထခုန်မိမတတ် ၀မ်းသာကြပါတယ်။ တဆင့်စကား လက်ဆင့်ကမ်းကြတာလည်း တမ္ဘာလုံးသာမက မိုးလုံးကို ဟိန်းသွားတာပါပဲ။ စစ်အစိုးရ အာဏာသိမ်းကတည်းက ပထမဦးဆုံး အဖမ်းဆီးခံခဲ့ရတဲ့ သတင်းစာသမား၊ အကြာရှည်ဆုံး အထိမ်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား၊ ထောင်ထဲ တိုက်ထဲမှာ စိတ်ဒုက္ခ ကိုယ်ဒုက္ခတွေ မည်သို့ပင် ခံစားရစေကာမူ စစ်အာဏာရှင်တွေကို ဘယ်လိုနည်းနဲ့မှ အရှုံးပေးခြင်း၊ အညံ့ခံခြင်း၊ ဒူးထောက်ခြင်း မပြုတဲ့ သတ္တိခဲ သူရဲကောင်းကြီး၊ ခေတ်ရဲ့ စံထားစရာ နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး၊ စာရေးဆရာကြီး ဦးဝင်းတင်ကို ရောက်နေတဲ့နေရာကနေ လှမ်းပြီးတော့ ဂါရ၀ပြုလိုက်ပါတယ်။ ပြည်ပက စာပေနဲ့ သတင်းစာသမားတွေရဲ့ ကိုယ်စား မိုးမခ စာနယ်ဇင်းအဖွဲ့ကနေပြီးတော့ သူရေးတဲ့ သူ့အကြောင်းကို ရေးတဲ့ စာအုပ်လေး မကြာခင်မှာ ထုတ်ဝေပါတော့မယ်။ သူ ၀မ်းသာစေဖို့ သတင်းစကားပေးလိုက်ချင်ပါတယ်။ …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts