>U Win Tin in blue prison uniform

>








ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ဒီအ၀တ်အစားနဲ့ ထွက်လာတယ်

ဓာတ်ပုံသတင်း

စက်တင်ဘာ ၂၃၊ ၂၀၀၈

(photos: AFP, AP & Reuters)


ယနေ့ ပြန်လည်လွတ်မြောက်လာသော ထောင်သက်တမ်း အရှည်ဆုံး နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်(အသက် ၇၉ နှစ်)က ဗွီအိုအေသတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည်။ စစ်အစိုးရက ဦးဝင်းတင်ကို လွန်ခဲ့သော ၁၉ နှစ်က ဖမ်းဆီးအကျဉ်းချခဲ့သည်။

“ဘယ်သူက ဖမ်းတာလဲ၊ အစိုးရအဖွဲ့လား၊ ၀န်ကြီးလား၊ ဒီလူတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူက တာဝန်ယူမှာလဲ။ ခင်ဗျားတို့တွေ ကျနော့်ကို မတရားချုပ်ထားတာ။ ကျနော် တရားစွဲမယ်ဆို စွဲလို့ရတယ်။ … … လွတ်ငြိမ်းသက်သာခွင့် ဆိုတာကို ကျနော်က လက်မခံဘူး။ … … ကျနော်တို့ခံစားခွင့်အရ လက်မှတ်ထိုးတာတို့ ဘာတို့ လုံးဝမလုပ်နိုင်ဘူး။ … … အခုဝတ်ထားတာ အင်္ကျီအပြာ၊ လုံချည်အပြာ၊ ထောင်အ၀တ်အစားနဲ့နေတာ။ … ကျနော် မကျေနပ်ဘူး။ အဲတော့ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ဒီအ၀တ်အစားနဲ့ ထွက်လာတယ်။ … …



အဲတော့ ကျနော် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာ ကျနော်မသိဘူး။ ကျနော့် ကျန်းမာရေးအခြေအနေ ဘာညာလည်း ကျနော်မသိဘူး။ သို့သော် ကျနော် ဒါတွေ အကုန်လုံးကို မေ့ထားလိုက်ပြီ။ ပြောချင်တာတခုကတော့ ကျနော် လုပ်စရာ ရှိတာတွေ ဆက်လုပ်သွားဦးမယ်။ အဲလို လုပ်စရာရှိတာတွေ ဆက်လုပ်တဲ့နေရာမှာ ကျနော့်ကို ၀ိုင်းပြီးကူကြပါ၊ ကျနော်နဲ့ လက်တွဲကြပါ၊ ကျနော့်ကို ဆုံးမကြပါ၊ ကျနော့်ကို ဝေဖန်ကြပါ၊ ကျနော့်ကို လမ်းညွှန်ကြပါ၊ ဒါပဲ ကျနော်ပြောချင်တယ်။ … …

အဲလို တွဲလုပ်မယ့်လူတွေဟာ အန်န်အယ်လ်ဒီလို အဖွဲ့အစည်းဖြစ်မလား၊ ဒါ ကျနော် မသိဘူး။ အလားတူပဲ ရဲဘော်တွေ၊ မိတ်ဆွေတွေနဲ့ အပေါင်းအစုဖြစ်မလား၊ ဒါလည်း ကျနော် မသိဘူး။ သို့သော် ကျနော်ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ လုပ်မှာပဲ၊ ဘယ်လောက်လုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ တဖြည်းဖြည်း ပေါ်လာမှာပေါ့။ … …”

(ဗွီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန၏ ဆက်သွယ်မေးမြန်းချက်မှ ကောက်နုတ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts