>Daw Suu will accept food delivery after junta’s concession to her rights

>

ဒေါ်အောင်ဆန်းစုကြည် ဈေးခြင်းပြန်လက်ခံပြီဟု ရှေ့နေက ထုတ်ပြန်

အိုင်အိပ်ခ်ျတီ၊ ရိုက်တာ

စက်တင်ဘာ ၁၂၊ ၂၀၀၈

စစ်ဗိုလ်ခင်ရီက တနင်္ဂနွေသတင်းစာ ရှင်းလင်းပွဲဖြင့် ဒေါ်စု အစာငတ်ခံ ဆန္ဒပြခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီးနောက် သောကြာနေ့က ဒေါ်စု၏ ရှေ့နေဦးကြည်ဝင်းက ထုတ်ပြန်ရာတွင် ဒေါ်စုနှင့် စစ်အစိုးရအကြား သဘောတူညီချက်အချို့ရရှိပြီဖြစ်၍ မိသားစုဈေးခြင်းကို ပြန်လက်ခံပြီဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မိသားစုပေးပို့သည် ပေးစာများ၊ နိုင်ငံခြား သတင်းစာစောင်များ (တိုင်းမ်စ်၊ နယူးစ်ဝစ်ခ်) ကို စစ်အစိုးရက ပေးပို့ခွင့်ပြုလိုက်ကြောင်း၊ မိသားစု ဆရာဝန်ကိုလည်း ဒေါ်စုက ပြန်လည်လက်ခံမည် ဖြစ်ကြောင်း စသည့် သဘောတူညီချက်များကို ဦးကြည်ဝင်းက ထုတ်ဖော်ပြောဆိုသည်ဟု အေဂျင်စီ သတင်းများက ဆိုသည်။ ဒေါ်စု ခြံဝင်းအတွင်းက အနီးကပ် စောင့်ရှောက်နေသူ မိသားစုအပေါ် တားမြစ်နေမှုများကို ရုတ်သိမ်းခြင်း၊ ချို့ယွင်းနေသည့် ရုပ်မြင်ဖမ်းကိရိယာနေရာတွင် ဂြိုလ်တု ရုပ်မြင်ဖမ်းစက်ဖြင့် လဲလှယ်ပေးခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

ရက်အကန့်အသတ် အတိအကျ ထုတ်ပြန်ခြင်း မရှိဘဲ အကျယ်ချုပ် ဖမ်းဆီးခြင်းခံထားရသော ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်များ တိုက်ရိုက်ဆွေးနွေးခြင်းကို ရှောင်လွဲနေသူများမှာ စစ်အစိုးရကိုယ်တိုင်ဖြစ်သည်ဟု နိုင်ငံတကာက ဝေဖန်လျက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts