>U Kyi Win, lawyer for Daw Suu met second time

>

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဦးကြည်ဝင်း ဒုတိယအကြိမ်တွေ့ခွင့်ရ
ဘီဘီစီ သြဂုတ် ၁၇ အစီအစဉ်၊ သတင်းကောက်နုတ်ချက်

သြဂုတ် ၁၇၊ ၂၀၀၈

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေဦးကြည်ဝင်းတို့ ဒုတိယအကြိမ် တွေ့ဆုံခွင့်ရတဲ့အကြောင်း ပြောချင်ပါတယ်။ ဦးကြည်ဝင်းဟာ ပြီးခဲ့တဲ့ တပတ်ကျော် သြဂုတ်လ ၈ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဦးဆုံး တွေ့ခွင့်ရခဲ့တာပါ။ ဒီကနေ့ ဒုတိယအကြိမ်တွေ့ဆုံအပြီးမှာ ရှေ့နေဦးကြည်ဝင်းကို ချင်းမိုင်က ဘီဘီစီ သတင်းထောက် ကိုရော်နယ်အောင်နိုင်က ဆက်သွယ်ပြီးတော့ အဲဒီတွေ့ဆုံဆွေးနွေးပွဲအကြောင်း မေးကြည့်တော့ ဦးကြည်ဝင်းက အခုလိုပြောပြပါတယ်။

ဦးကြည်ဝင်း ။ ။ ကျနော်တို့ ဒီနေ့တွေ့လိုက်ရတယ်။ တော်တော်လေး အချိန်ပေးပါတယ်။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ဘယ်လောက်ကြာကြာ တွေ့ခဲ့ရပါသလဲခင်ဗျ။

ဦးကြည်ဝင်း ။ ။ ၃ နာရီသာသာလောက်ကို တွေ့ရပါတယ်။ ကျနော်လည်း ၀င်ပြီးရော နောက် ဆရာဝန်လည်း ၀င်ခွင့်ရတယ်ပေါ့။ ဆရာ တင်မျိုးဝင်း။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ခင်ဗျ ဘာတွေဆွေးနွေးခဲ့ပါသလဲခင်ဗျ။

ဦးကြည်ဝင်း ။ ။ ကျနော်တို့ အယူခံရယ်၊ သူ့ကို အခုတားဆီးထားတဲ့ကာလ၊ အဲဒီကာလဟာလည်း ဥပဒေနဲ့ညီ မညီ၊ အဲဒါလည်း အယူခံထဲမှာ ပါမှာပေါ့ဗျာ။ အဲဒီ ၂ ချက်ကတော့ ဥပဒေကြောင်းအရာပေါ့။ အဲတော့ အဲဒီမှာ ကျနော်တို့က လိုချင်တာက တားဆီးတဲ့အမိန့်က နောက်ဆုံးအမိန့်တင်မဟုတ်ဘူး အကုန်လုံးပေါ့ဗျာ၊ ကာလတခု လုံးမှာ ခြုံပြီးတော့ ကွင်းဆက်အလိုက်က ကြည့်ချင်တယ်။ အဲဒါကို ကျနော်တို့ တရားရုံးကိုပေါ့ဗျာ။ တရားရုံးကျ တော့ အမိန့်မိတ္တူ (စာတီဖိုင်းကော်ပီ) တရားစီရင်တယ်ဆိုရင်လည်း စီရင်တဲ့ အမိန့်မိတ္တူပေါ့။ အဲဒါကို ကျနော်တို့ တောင်းထားတာပါ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းတပ်ဖွဲ့ကလည်း ခွင့်ပြုပါတယ်၊ ခွင့်ပြုတော့ ကျနော် သွားရောက်ပြီးတော့ ဒေါ်စုနဲ့ တွေ့ရပါတယ်လေ။

ဘီဘီစီ ။ ။ ဟုတ်ကဲ့ ခင်ဗျ။ သူ့ရဲ့အမှုအလားအလာကကော အခု ဂမ်ဘာရီလည်း လာမယ်ဆိုတော့ အလားအလာ ကောင်းလားခင်ဗျ။

ဦးကြည်ဝင်း ။ ။ အဲဒါတွေတော့ ကျနော်တို့ မဆွေးနွေးမိဘူးဗျ။ အလားအလာတို့ ဘာတို့ပေါ့လေ။ ဘာဖြစ်လို့ လည်းဆိုတော့ ဂမ်ဘာရီလာလို့ဖြစ်စေ၊ မလာသည်ဖြစ်စေ အမှုအလားအလာကတော့ ထုံးစံဖြစ်နေပါတယ်။ ဆရာတို့လည်း သိပါတယ်။ သွားပြီးတော့ ကျနော်တို့ မျှော်လင့်ချက်ရှိတယ်လို့လည်း သိပ်ပြောလို့မကောင်းဘူး။ မျှော်လင့်ချက်မရှိဘူးဆိုရင်လည်း တရားရုံး သွားစော်ကားရာရောက်တော့လေ ကျနော်တို့က အဲဒါတော့ မပြော ဘူးဗျ။ အဲဒါတော့ ဆရာတို့လည်း သဘောပေါက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းကို ဘီဘီစီသတင်းထောက် ကိုရော်နယ်အောင်နိုင်က ချင်းမိုင်က နေ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ် ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက ပုဒ်မ ၁၀ (ခ) နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ အန္တရာယ်ကို ကာကွယ်တဲ့ဥပဒေအရ ၂၀၀၃ ခုနှစ်ကတည်းက တတိယအကြိမ်အဖြစ် နေအိမ်အကျယ်ချုပ်နဲ့ ချ ထားတာဖြစ်ပြီး အန်အယ်လ်ဒီပါတီဘက်ကတော့ ဒီဥပဒေအရ အများဆုံး ၅ နှစ်အထိသာ တားမြစ်ခွင့်ရှိတယ် ဆို ပြီးပြောထားပါတယ်။ မြန်မာအစိုးရကတော့ ၅ နှစ်အပြီး မေလထဲမှာပဲ နောက်ထပ် နေအိမ်အကျယ်ချုပ်ကို ထပ်ပြီးသက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

(အကျယ်ချုပ်ဖြစ်စဉ်မှတ်တမ်း)

၂၀၀၃ ခု မေ (၃၀) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်ပို့။

၂၀၀၃ ခု စက်တင်ဘာလ အာရှတော်ဝင်၌ ဆေးရုံတက်။

၂၀၀၄ ခု မေလထိ အမျိုးသားညီလာခံတက်မတက်ကိစ္စ ဆွေးနွေး။

၂၀၀၄ ခု မေလ ပုဒ်မ ၁၀(ခ) ဖြင့် ထိန်းသိမ်းထားသည့်သတင်း စတင်ထွက်ပေါ်။

၂၀၀၅ ခု မေမှ ၂၀၀၅ နိုဝင်ဘာထိ (၆) လသက်တမ်းတိုး။

၂၀၀၅ နိုဝင်ဘာမှ ၂၀၀၆ မေထိ (၆) လသက်တမ်းတိုး။

၂၀၀၆ ခုမေမှ ၂၀၀၇ မေထိ (၁) နှစ်သက်တမ်းတိုး။

၂၀၀၇ ခု မေမှ ၂၀၀၈ မေထိ (၁) နှစ်သက်တမ်းတိုး။

၂၀၀၈ ခု မေမှ ၂၀၀၉ မေထိ (၁) နှစ်သက်တမ်းတိုး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts