ဇော်အောင် (မုံရွာ)

Zaw Aung (Mone Yar) – Articles

မြန်မာ-အမေရိကန် ကုန်သွယ်မှုအခွင့်အရေးများ
ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၁၊ ၂၀၁၃

သီဟိုစေ့ (ခေါ်) မြေပဲကြီး    Cashew Nuts

မြန်မာပြည်တွင် မြေပဲလှော်အခွံခွာစားခြင်းကို နှစ်သက်သလို၊ နိုင်ငံခြားတိုင်းပြည်များ (အထူးသဖြင့် အမေရိကန်တွင်) သီဟိုစေ့ ဈေးကွက်အလွန်ကောင်းပါသည်။ အမေရိကန်များ သီဟိုစေ့ကို အလွန်ကြိုက်နှစ်သက်ခြင်းအား လွန်ခဲ့သော၁၀နှစ်က ဗီယက်နမ်နိုင်ငံက အကျိုးအမြက်ကောင်းစွာ ရယူနိုင်ခဲ့သည်။  ဗီယက်နမ်နိုင်ငံသည် သီဟိုစေ့ (မြေပဲကြီး) ပင်များကို စိုက်ပျိုးပြီး ၃နှစ်အတွင်း အစေ့များကို အထူးသဖြင့် အမေရိကားသို့ တင်ပို့ရောင်းချပါသည်။ နှစ်စဉ် ဒေါ်လာ၁ဘီလျှံ (သန်းတစ်ထောင်ကျော်ဖိုး) ရောင်းချနေပါသည်။ မြန်မာပြည် မြစ်ဝကျွန်ပေါ်ဒေသတွင် သီဟိုစေ စိုက်ခင်းများစွာရှိသည်။ အစိမ်းလိုက် နိုင်ငံခြားသို့ ခိုးပို့ရောင်းချနေခြင်းများသည် စိုက်ပျိုးသူနှင့်နိုင်ငံအတွက်လည်း အလွန်နစ်နာပါသည်။ ဗီယက်နမ်အစိုးရ၏ သူ့နိုင်ငံမှ တောင်သူ၊စိုက်ပျိုးသူများကို မြှင့်တင်ဈေးကွက်ရှာပေးမှုမှာ အတုယူဖွယ်ဖြစ်သည်။ 

(Continue Reading Link)
http://murann.com/cashew.htm

May2013 မှာသမ္မတဦးသိန်းစိန် အမေရိကန်သမ္မတနှင့် အိမ်ဖြူတော်မှာတွေ့ဆုံကြပြီးဖြစ်ပါသည်။ အဓိကဆွေးနွေးချက်များတွင်  မြန်မာကုန်ပစ္စည်းများကို Free Trade အမေရိကန်သို့တင်သွင်းရေး နှင့် အမေရိကန်စက်ပစ္စည်းနည်းပညာများကို၊ ချေးငွေအားဖြင့် မြန်မာပြည်ရောင်းချရေးတို့ကို လူသိထင်ရှားဆွေးနွေးကြသည်ဟု ဆိုသည်။ 
နှစ်နိုင်ငံအတွက် ဆွေးနွေးရန် ဆွေးနွေးချက်များစွာရှိပါသည်။ 

မည်သို့ဖြစ်စေ.. မြန်မာထွက်ကုန်များစွာ အမေရိကားသို့ တင်ပို့ခွင့်ရတော့မယ်ဖြစ်ပါသည်။ အမေရိကန် ကုမ္ပဏီကြီးများစွာ ပက်စီကိုလာ၊ ကိုကာကိုလာ၊ အဲပဲ၊ မိုက်ကရိုဆော့၊ ဂူဂယ် ..စသဖြင့် အစားအသောက်ကုမ္ပဏီများနှင့် အသုံးဆောင်ကုမ္ပဏီများ မြန်မာပြည်သို့ လာနေကြပြီဖြစ်သည်။ မြန်မာပြည်မှ အမေရိကန်သို့ လူတွေချည်း သွားအလုပ်လုပ်၊ ပညာသင်နေရာမှ မြန်မာကုန်ပစ္စည်းများလည်း အမေရိကန်သို့ တင်သွင်းရန် ကြိုးစားနေကြပါသည်။

အမေရိကန်ကြိုက်တဲ့ သီဟိုစေ့တင်ပို့ရေးအတွက် သီဟိုစေ့အစိမ်းလိုက်နိုင်ငံခြားကိုရောင်းနေသော ဧရာဝတီ၊မွန်ပြည်နယ်၊တနင်္သာရီများက စိုက်ပျိုးသူများအတွက် ဈေးကောင်းရတော့မဲ့အခြေအနေ ဖြစ်ပါသည်။Cashew Nuts  သီဟိုစေ့
မြန်မာပြည်မှာ မိုးများတဲ့နေရာများ၊ ပင်လယ်ကမ်းခြေများမှာ စိုက်ပျိုးကြပါသည်။
ပြည်တွင်းမှာထက် ပြည်ပက ပိုဈေးကောင်း
 ပြည်ပပို့ကုန် သီးနှံတစ်ခုဖြစ်
ပြည်တွင်းလူများ ယခုခေတ် တတ်နိုင်လာသည်။

သီဟိုပင်
ဘရားဇီးနိုင်ငံတွင် ပေါ်တူဂီတို့ စတင်တွေ့ရှိသည်။
အိန္နိယနှင့်အရှေ့တောင်အာရှသို့ပျံ့ပွားသွားသည်။
ဥရောပတိုက်သားများ ကြိုက်နှစ်သက်ရမှဈေးကွက်ရှိလာသည်။
ဗီယက်နမ်နိုင်ငံတွင်စီမံကိန်းဖြင့်စိုက်သည်။
အမြင့်ပေ၃၀အထိရှိပြီး၊၃နှစ်သားတွင်အသီးသီးသည်။ ၈နှစ်တွင်များပြားစွာသီးသည်။
နည်းပညာ ဟီဟိုပင်အပုမျိုး Dwarf Cashew Tree သည် တစ်နှစ်တွင်သီးသည်။ 
ထွက်နှုန်းများ Nigeria 1.97, India 0.66, Vietnam 0.85, Indonesia 0.25
၅.၇တန်အများဆုံးထွက်ဖူးသည် Peru 2010
ကမ္ဘာထွက်ကုန် 2.7 million matric ton (2011). ဗီယက်နမ် export 0.2 ton.
ပေါက်ဈေး ပျှမ်းမျှ Average 5000 to 6000 usd per ton.

Export Market (US$ milion)   
1. Vietnam  1134
2. India  561
3. Brazil  229
4. Natherland 173
5. UAE  44
6. Germany 27

Import Market (US$ million)
1. USA America  706
2. Natherland 249
3. Germany 150
4. UAE  107
5. Australia 89
6. England  81


ပြည်ပဈေးကွက်
ထိုင်းနိုင်ငံ(သို့မဟုတ်)အိန္နိယ၊ဘင်္ဂလားဒေခ်ျသို့ရောင်းသည်
တရုပ်များစာနေကျမဟုတ်၊မရောင်းကြ
ကမ္ဘာနိုင်ငံများစွာ ဇိမ်ခံ၊ဧည့်ခံသော Nuts ဟုခေါ်သည့်စားစရာဖြစ်သည်။
ဈေးကြီးသဖြင့် အာရှတိုက်သားများ မြေပဲကဲ့သို့အမြဲဝယ်မစားနိုင်
ဗီယက်နမ်အစိုးရက ဈေးကွက်မြင်၊ ယခု ကမ္ဘာ့နံပါတ်(၁)တင်ပို့ နိုင်ငံဖြစ်နေ

2011 Export Countries
2011 Import Countries


ပြည်တွင်းဈေးကွက်
မြန်မာအစိုးရ၏စီမံကိန်းသီးနှံများတွင်မပါ။ ဈေးကြီးသောကြောင့် ပြည်ပသို့အစိမ်းလိုက်တင်ပို့ကြသည်။
ပြည်တွင်းတွင် ဒံပေါက်၊ကိတ်မုန့်စသည်တို့တွင်သုံးကြသည်။
စင်ကာပူကဲ့သို့ ဧည့်ခံစားသောက်ဖို့မကျွေးနိုင်ကြ၊ ယခုအခါ တတ်နိုင်လာပြီ
ပြည်တွင်းကုန်စုံဆိုင်ကြီးများတွင်သာ ဈေးကြီးပေးပြီးဝယ်ရသည်။
နိုင်ငံခြားသားအကြိုက် ထုပ်ပိုးနိုင်မှုမရှိသေး
သီဟိုသည်အဆီများသဖြင့်မြေပဲလှော်ကဲ့သို့မလှော်နိုင်၊ ဆီပေါက်သည်။
နိုင်ငံခြားစံချိန်မှီသီဟိုစေ့လှော်စက်များ၊ထုတ်ပိုးစက်များမရှိသေး

သီဟိုပန်းသီး

ရောင်စုံအသီးလေးများ စုပုံပြီးရောင်းချသည်။ 
ဖျော်ရည်ထုတ်နိုင်သည်။
ဇီးသီးကဲ့သို့ အခြောက်ခံ၊ယိုမုန့်လုပ်စားနိုင်သည်။

မန်မာနိုင်ငံတွင် သီဟိုစေ့လုပ်ငန်း
၁။ သီဟိုစေ့ လှော်ဖုတ်ရောင်းချခြင်း (ပြည်တွင်း၊ပြည်ပ)
၂။ အမေရိကန်၊နော်ဝေး၊အင်္ဂလန်သို့ကုန်ချောရောင်းချခြင်း
၃။ အမေရိကန်၊ နယ်သာလန်သို့ကုန်ကြမ်းရောင်းချခြင်း (သူ့နိုင်ငံတွင်ပြုပြင်ပြီး EU သို့ရောင်းချ)
၂။ ပြည်ပသို့အစိမ်းလိုက်ရောင်းချခြင်း
၃။ ပြည်တွင်း သီဟိုစေ့လုပ်ငန်းရှင်များအသင်းထူထောင်ခြင်း

နည်းပညာ
၁။ ဗီယက်နမ်မှရင်းနှီးမြှတ်နှံမှု
၂။ အမေရိကန်၊ ထိုင်း၊ မလေးရှား သီဟိုစေ့လှော်ဖုန်စက်ရုံ
၃။ လူအင်အားသုံးသောစက် (ဧရာဝတီတိုင်းအတွက်)

နည်းစနစ်
သီဟိုစေ့ဒိုင်တစ်ခုနှင့်ပူးပေါင်းလုပ်ဆောင်ရန်။
ပြည်ပပို့လုပ်ငန်းအတွက်ရန်ကုန် (သို့) ဧရာဝတီ သင်္ဘောပို့ကုန်လိုင်စင်ရှိရန်
ပြည်ပစက်ရုံ (ဥပမာ ..မလေးရှားစက်ရုံ) တစ်ခုဖြင့်ဆက်သွယ်ရန် (ယုံကြည်မှု)

ဈေးကွက်
အမေရိကား၊ နယ်သာလန်၊ ဂျာမဏီ၊ သြစတြေးလျား… 
 


လူအား၊စက်အားသုံးခြင်း တနေ့တစ်တန်ကျစက်ရုံ 
(အာဖရိကတိုက်၊ ဂါနာနိုင်ငံမှကိုယ်ထူကိုယ်ထစက်ရုံ)
Manual Cashew Plant 800kg per day.  
This manual processing factory, Employed many local people.
http://www.youtube.com/watch?v=Ky8omUFpxVI
6 steps
1. Receive raw cashewnuts and Steaming (pre-heating)
2. Cool down 24 hrs
3. Cutting (Maunal)
4. Dryer  (Electric Oven)
5. Peeling shell
6. Sorting manually and packing.

သီဟိုစေ့စိုက်ပျိုးသူများ စုပေါင်းငွေဖြင့် စက်ရုံဝယ်ပါသည်။ အလုပ်သမားခများ ပေးပြီး အမြတ်ငွေကို
စက်ရုံတွင်ပြန်လည်ရင်းနှီးပါသည်။

အဆင့်(၁)
ပထမဆုံး ဒီရေနွေးငွေသုံးပြီး သီဟိုသီးကို အပူပေးရပါတယ်။ ဒါမှ သီဟိုစေ့ခွဲထုတ်ဖို့လွယ်မှာဖြစ်တယ်။ 
သီဟိုစေ့ကိုခွဲထုတ်ယူဖို့ အဆီအနှစ်၊အနံ့ဆိုးတွေကြောင့် အပူပေးတော့ ခွဲတဲ့အခါအဆင့်ပြေပါတယ်။

 
အဆင့်(၂)
ရေနွေးငွေနဲ့အပူပေးထားတဲ့ သီဟိုစေ့အစိမ်းတွေကို ၂၄နာရီ ဖြန့်ပြီးအခြောက်ခံရပါတယ်။ 



အဆင့်(၃)
လူအားနဲ့ခွဲစက်သုံးပြီး၊ ခွဲရပါတယ်။ ပြီးတော့ လက်အားနဲ့အစေ့ထုတ်ရပါတယ်။ ခက်ခဲတဲ့အဆင့်ဖြစ်ပါတယ်။
သီဟိုစေ့ကဲ့ဒြပ်များ ယားယံစေတတ်လို့ အချို့အလုပ်သမများ လက်ကိုဆီလူး ကာကွယ်ကြပါတယ်။

အဆင့်(၄)
မီးဖိုထဲထည့်ပြီး အခြောက်ခံရပါတယ်။
၂၁၀ ဒီကရီစင်တီဂရိတ်မှာ ၂မိနစ်အခြောက်ခံရပါတယ်။ အပူမျှတဖို့လိုပါတယ်။


အဆင့်(၅)
အစေကအခွံများကို ဒါးပါးသုံးပြီးခွာထုတ်ရပါတယ်။ ပြီးတော့ အရွယ်အစားရွေးချယ်ပါတယ်။ 
အရွယ်ရွေးချယ်ဖို့ စက်မသုံးနိုင်ပါ။

  

စက်အားသုံးခြင်း (ဗီယက်နမ်) Vietnam equipment supplier..  
http:/bluelatern.vn
Technology supplier is
BLUE LANTERN CO.,LTD
Address : Thong Nhat St, Ward 16, Go Vap Dist, HCMC, VietNam
Tel     : +84 839 848 847       Fax:  +84 839 848  846
They are selling the automatic machine. Cost is high.
ယူကြုမှာ သူတို့တင်ထားတဲ့ စက်တွေလည်နေတဲ့ဗီဒီယိုများ (မြန်မာပြည်ကနောက်နှစ်လောက်မှ ယူကျု ကြည့်ရမှာမို့ ဓါတ်ပုံတွေပဲထည့်ပေးလိုက်တယ်)
ရန်ကုန်မှာလုပ်ဖို့လွယ်ပါတယ်။ ဒါမှမဟုတ် ဗီယက်နမ်တွေနဲ့ Joint Venture လုပ်မလား?

Youtube

Packing Line for Cashew Nut – Blue Lantern Co.http://www.youtube.com/watch?v=ebTeB4ZAtvs



 

Dryer for Cashew Nut – Blue Lantern Co.

Grading Machine for Cashew Kernel – Blue Lantern Co.

Automatic Cashew Shelling Machine – 3rd version – Blue Lantern Co.

Other Information


Parent Directory
 http://mingalaronline.biz/mdg/2.agriculture/5.cashew.nutsCashew.nuts.pdfQuotation of Cashew Processing Line.pdfcashew.nuts.information.pdfcashew.nuts.sheel.import.countries.pdfTrade data from FAO websitehttp://faostat.fao.org/site/342/default.aspx

 
 
 Automation Factory www.scuic.com
 >> The price for automatic cashew shelling machine UI-C12 is USD 2150
 >> per set CNF Yango.The capacity for shelling is 90-100 nuts per minutes
 >> or 30-35 kg per hour,broken ratio <5%.
 >> Automatic cashew peeling machine: $ 2050 per set .Capacity:50-60 kg per hour.
 >> Separator for peeling machine: $1750 per set
 >> 7.5 KW air compressor :$ 900
 >> Video demo:
 >> Shelling:http://v.youku.com/v_show/id_XNDU5MTU4OTc2.html [1]
 >> http://v.youku.com/v_show/id_XNTMwMzY1Nzky.html [2]
 >> Peeling:http://v.youku.com/v_show/id_XNDY2MTk4Mzg0.html [3]
 >> http://v.youku.com/v_show/id_XNDY2MTQ5Njc2.html [4]
 >> ANTONY.WANG(SALES MANAGER)
 >> Si Chuan United Industrial Co., Limited(SCUIC)
 >> www.scuic.com 
 >> Tel: 0086 28 86289172
 >> Cell Phone: 0086 18981963359
 >> Fax: 0086 28 86289173
 
မှတ်ချက်။
ဗီယက်နမ်တွင် လယ်သမားနှင့်အလုပ်သမား သန်းနှင့်ချီ အလုပ်ပေးထားသော လယ်ယာထွက်ကုန်နှင့်စက်ရုံလုပ်ငန်းတစ်ခုဖြစ်သည်။ အမေရိကား၊နယ်သာလန် နိုင်ငံများသို့ 2011 တွင် US$1130 Million တင်ပို့ရောင်းချခဲ့သည်။
မြန်မာနိုင်ငံထုတ်ကုန် သီဟိုစေံ၊ မေပဲ၊ ပဲအမျိုးမျိုး တို့ကို လှပသော၊ Packing ထုတ်များဖြင့် မလေးရှား၊ စင်ကာပူရှိ စားသောက်ကုန်ဆိုင်များတွင် Product of Malaysia အဖြစ် ရောင်းချနေသည်။

ပိုပြီး စိတ်ပျက်မိသည်မှာ ကမ္ဘာတွင်မြန်မာပြည်သာ အထွက်ဆုံးဖြစ်သည့်  ဇီးသီး၊ မန်ကျီးသီးများကို အိန္နိယ၊ ထိုင်းနိုင်ငံများက ထုတ်ပိုး Packing ကောင်းကောင်းမြင့် ဈေးကွက်လက်ဦးရယူထားသည်ကို ၂၀၁၂၊ ၂၀၁၃ တွင် တွေ့ရပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts