>Myanmar Burmese Journals Digest – August 12th 2008

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
သြဂုတ် ပ + ဒု ပတ် ၂၀၀၈
သြဂုတ် ၁၂၊ ၂၀၀၈

ဂျာနယ်ဇင်းတွေ ဖတ်သမျှ သိမ်းလည်း သိမ်း၊ ဖတ်လည်း ဖတ်ရအောင် တင်ထားတာပါ။ ခေါင်းစဉ်တွေက ဒီလိုပါတဲ့။

အိုလံပစ် ပန်းချီပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ် ဆွတ်ခူးသွားပါ သတဲ့။ မန္တလေးက ထန်းရိပ်ညို ပန်းချီခန်းက ဦးမျိုးခင် ဖြစ်ပါသတဲ့။ အာဂ ပန်းချီဆရာပါပဲ။ သူက သြဂုတ် ၈ မှာ ပီကင်းမှာ ဆုသွားယူမယ်လို့ သိရပါတယ်။

စစ်အစိုးရ သတ်မှတ်ထားတဲ့ ဧရာဝတီတိုင်း စံပြကျေးရွာများလည်း နာဂစ်သင့်လို့ ပျက်စီးသွားရာမှာ စစ်တပ်က ပြည်သူတွေကို ကိုယ့်အားကိုယ်ကိုး ပြန်ဆောက်ခိုင်းနေပါသတဲ့။ သံဒိတ်ကျေးရွာနဲ့ အစုအဝေးတွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ယခင်က ပိတ်ထားတဲ့ ဆိုင်ကယ်တွေ ပြန်စီးနင်းခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ မြို့တွင်းအထိတော့ ချည်းကပ်လို့မရသေးပါ။ လိုင်စင်မဲ့တွေကို မှတ်ပုံပြန်တင်ပေးနေပါတယ်တဲ့။

ကဲ … ကဲ … ဂျာနယ်တွေ ဂျာနယ်တွေ … ပေါ ပေါ လေး၊ ပေါ ပေါ လေး။ အခမဲ့ တင်ထားတာပါဗျား။ ဘာပဲ ဖြစ်ဖြစ် … ဖတ်ပါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts