>Junta arrests "8-8-88" anniversary marchers

>

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ချီတက်ဆန္ဒပြ
Reuters သတင်းဌာန
သြဂုတ် ၈၊ ၂၀၀၈
ယနေ့ကျရောက်သည့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ချီတက် ဆန္ဒပြသူ ၄၈ ဦး ဖမ်းဆီးခဲ့ခဲ့ရသည်ဟု ထိုမြို့မှ အတိုက်အခံခေါင်းဆောင်တဦးက ပြောပြသည်။

ဆန္ဒပြသူများမှာ ‘၈-၈-၈၈’စာတမ်း ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြောင်း၊ တောင်ကုတ်မြို့တွင် ဟစ်အော်ခြင်းမရှိဘဲ ချီတက်လမ်းလျှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုး အရံအတားများ ချကာ တားဆီးပိတ်ဆို့ခဲ့ကြောင်း ၎င်းက ပြောပြသည်။

“သူတို့အားလုံးကို ဖမ်းထားတယ်။ စစ်ဆေးမေးမြန်းနေတုန်းပဲ” ဟု တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသိန်းနိုင်က ရိုက်တာသတင်းဌာနကို ရှင်းပြသည်။

စစ်တွေမြို့တွင်လည်း ကျောင်းသားအချို့က အင်္ကျီအနက်ရောင်များ ၀တ်ဆင်ပြီး ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း လူဦးရေ ၅၇ သန်းသော မြန်မာလူထုမှာ စိုးရိမ်မှုကြောင့်လည်းကောင်း၊ စားဝတ်နေရေးအတွက် နေ့စဉ် လုံးပမ်းနေရသောကြောင့်လည်းကောင်း ၎င်းတို့၏ ဆန္ဒကို ဖော်ထုတ်ခြင်းမရှိပေ။


“ဒီနေ့အချိန်မှာတော့ ဘယ်သူမှ မကျေနပ်ကြဘူး၊ မကျေနပ်ပေမယ့်လည်း ဆန္ဒပြရုံနဲ့ အပြောင်းအလဲတွေ ဖြစ်မလာဘူးဆိုတာ အတွေ့အကြုံအရ သိနေတယ်” ဟု အင်္ဂလိပ်စာဆရာ ဦးလှမောင်က ရိုက်တာ သတင်းဌာနကို ပြောပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts