>Maung Yit – 88 Poem

>

၈၈ သစ်ပင်

မောင်ရစ်

သြဂုတ် ၈၊ ၂၀၀၈

အဲသည်တုံးက

သူတို့မှာ ပေးစရာဆိုလို့

အသက် ပဲ ရှိတယ်။

သူတို့မှာ စွန့်စရာ

ခန္တာ ပဲ ရှိတယ်။

အဲဒါကို

အကုန်လုံး မြှပ်နှံလို့

အဲဒီက အရေးတော်ပုံမှာ

သူတို့ကိုယ် သူတို့

ခြေစုံပစ် ချီတက်ခဲ့ကြ။

သူတို့ သွေးတွေ

သူတို့ အသက်တွေ နဲ့

သူတို့ စိုက်ခဲ့တဲ့ သစ်ပင်

အဲဒီက ရှင်သန်လာတဲ့ …

၈၈ အရေးတော်ပုံ သစ်ပင်။

ငါတို့ …

သင်တို့ အရိပ်အောက်မှာ

သင်တို့ ခြေရင်းမှာ

ငါတို့ အလေးပြုလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts